ဟုတ်ပါတယ်။ သင်ဖတ်လိုက်တဲ့ အတိုင်းပါဘဲ။ တရုပ်ပြည်က စားသောက်ဆိုင်တစ်ခု ဟာ လာရောက်စားသုံးသူတွေရဲ့ ရင်ဘတ်ဆိုဒ်အပေါ်မူတည်ပြီး discount ပေးနေတယ်လို့ သိရပါတယ်။ ထိုဆိုင်ဟာ ရဲ့ နာမည်ဟာ Trendy Shrimp ဖြစ်ပြီး တရုတ်နိုင်ငံက Hangzhou ဆိုတဲ့ shoppingmall မှာ တည်ရှိတာဖြစ်ပါတယ်။ ထိုဆိုင်ဟာ 'တစ်မြို့လုံးဟာ ရင်သားတွေကို ရှာနေပါတယ်' (The whole city is looking for BREASTS) ဆိုတဲ့ ကြော်ငြာ စာသားနှင့်အတူ ကာတွန်းပုံ နှင့် ဆိုဒ်တွေကို ဆွဲပြကာ ပိုစတာ ကပ်ထားခဲ့ပါတယ်။

အဲ့ ဒီ ပိုစတာ မှာတော့ ညာဘက်ကနေစပြီး ဆိုဒ် A ရှိတဲ့ မိန်းကလေးတွေ က ၅ရာခိုင်နှုန်း Discount ရမှာ ဖြစ်ပြီး အများဆုံး ဆိုဒ်ဖြစ်တဲ့ ဆိုဒ် G ကတော့ ၆၅ရာခိုင်နှုန်းရမယ်ဆိုပြီး ဖော်ပြထားပါတယ်။ ဆိုဒ်တဖြည်းဖြည်း ကြီးသွားတဲ့ အလျှောက် လျော့ ပေးတဲ့ ရာခိုင်နှုန်းကလည်း တဖြည်းဖြည်း များသွားမှာ ဖြစ်ပါတယ်။ မိန်းကလေး အများစု ကတော့ သူတို့ရဲ့ Discount ကို ရယူဖို့ အတွက် ရင်သားဆိုဒ်ကို တိုင်းတာရန် အမျိုး သမီး စားပွဲထိုးတွေကို အရွေးများကြပါတယ်။

Qianjiang ဆိုတဲ့ ညနေပိုင်းတင်ဆက်တဲ့ သတင်းမှာတော့ ထိုပိုစတာ ဟာ အမျိုးသမီး တွေကို ခွဲခြားဆက်ဆံပြီး ရှုတ်ချတဲ့ သဘောကို တက်ရောက်တယ်ဆိုပြီး အမျိုးသမီး တစ်ဦး က စိတ်ဆိုးစွာ တင်ပြခဲ့တယ်လို့ သိရပါတယ်။ ထိုကဲ့သိုတင်ပြခံရပြီး နောက်ပိုင်းမှာတော့ ထို ဆိုင်ဟာ သြဂုတ်လ ၁ ရက်နေ့မှာ ဖြုတ်ချခဲ့ပါတယ်။ သို့သော်လည်း ထိုဆိုင်ရဲ့ မန်နေဂျာကတော့ ထို promotion လုပ်နေတဲ့ အချိန်မှာ တစ်ဆိုင်လုံးရဲ့ စျေးရောင်း နှုန်းက ၂၀ရာခိုင်နှုန်းတက်လာခဲ့ပြီး လာရောက်ခဲ့တဲ့ အမျိုးသမီးတွေကတော့ သူတို့ရဲ့ ရင်သားနှင့် ပတ်သက်ပြီး ဂုဏ်ယူခဲ့ကြတယ်လို့ဆိုပါတယ်။

Source : mirroruk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။