ပြီးခဲ့တဲ့ တနင်္ဂနွေညက အင်္ဂလန်အမှတ်ပေးဖလား ပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုင်တက်နှင့်ဝက်စ်ဟမ်းတို့ကစားခဲ့ကြပါတယ်။ မန်ချက်စတာယူနိုင်တက် အသင်းက တိုက်စစ်ခြေစွမ်းပြမှုနှင့်အတူ ၄-၀ ရလဒ်ဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက် အသင်း၏ ကစားသမားသစ်တွေဖြစ်တဲ့ မာတစ်နှင့် လူကာကူတို့က အကောင်းဆုံးခြေစွမ်းပြနို်င်ခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက် ပရိသတ်တွေကလည်း မာတစ်နှင့်လူကာကူခြေစွမ်းကို အားရခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ယခုနှစ်မှခေါ်ယူထားတဲ့ လင်ဒီလော့ဖ်ကတော့ အရံခုံမှာတောင်မပါ၀င်လာပါဘူး။ နောက်ခံလူ လင်ဒီလော့ဖ်ကို မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် ဘင်ဖီကာမှ ပေါင်သန်း၃၀နှင့်ဝယ်ယူထားခဲ့တာပါ။ သို့သော် မာတစ်နှင့် လူကာကူတို့ကဲ့သို့ ကစားသမားအသစ်များက ပွဲကစားခွင့်ရခဲ့သော်လည်း လင်ဒီလော့ဖ်က မပါခဲ့ရတာပါ။ ပြီးခဲ့တဲ့ စူပါဖလားဗိုလ်လုပွဲအဖြစ် ရီးရဲမက်ဒရစ်နှင့် ပွဲမှာတော့ လင်ဒီလော့ဖ် ပွဲထွက်ခွင့် ရခဲ့ပါတယ်။ 

အင်္ဂလန်အမှတ်ပေးဖလား ပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုင်တက်နှင် ၀က်စ်ဟမ်းတို့ကစားခဲ့တဲ့ပွဲစဉ်မှာ လင်ဒီလော့ဖ်မပါခဲ့တာကို သူ့ချစ်သူ က စိတ်ဆိုးသွားပါတယ်။ လင်ဒီလော့ဖ်နှင့်စေ့စပ်ထားတဲ့ မာယာနယ်ဆင်ကတော့ သူ့ချစ်သူ ပွဲမကစားရတဲ့အတွက် လူမူကွန်ယက်မှာ ယခုကဲ့သို့ ပုံနှင့်စာတင်ခဲ့တာပါ။ “ရှင်တို့က ကျွန်မရဲ့ Timeline ကိုအဆိပ်ခတ်နေတာပဲ။ ထွက်သွားကြစမ်း” ဆိုပြီး တင်ခဲ့တာပါ။ ကဲ ပရိသတ်ကြီးလဲ မဟေသီတွေကို ဂရုစိုက်ကြပါ။

Hein (Mg Lu Aye) 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။