ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ကစားသမား ဆာဂျီယို ဘက်စကွက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ပြီးနောက် ကော်တင်ဟိုကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းကို တိုက်တွန်းခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ နေမာကို PSG အသင်းထံရောင်းချခဲ့ပြီးနောက် ခုထိလူအင်အားကို ဖြည့်တင်းခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ နေမာနေရာမှာ ရာဖင်ဟာ ကိုထားကစားခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့လက်ရှိလူဝယ်ထားတဲ့အခြေအနေကို ဘာစီလိုနာအသင်းရဲ့ပရိတ်သတ်တွေကစိတ်တိုင်းမကျဖြစ်နေတာလည်း ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ဒယ်လူဖို၊ ဆမီဒို ၊ တို့ကိုခေါ်ယူအားဖြည့်ထားပြီး ပေါ်လင်ဟိုကို လည်းခေါ်ယူဖို့သဘောတူညီမှုရပြီးပြီးဖြစ်ပါတယ်။ဘာစီလိုနာ အသင်းရဲ့ပစ်မှတ် ကော်တင်ဟိုကတော့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လိုနေပြီး လီဗာပူလ်းအသင်းက လက်လွှတ်ခံဖို့ ဆန္ဒမရှိဖြစ်နေတာကြောင့် အပြောင်းအရွှေ့ဟာ ကြန့်ကြာနေရတာလည်းဖြစ်ပါတယ်။

SOURCE - DAILY MAIL SPORTS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။