မြန်မာအသင်းရဲ ့ခရစ္စတီယာနိုရော်နယ်ဒိုသတ်မှတ်ခံရတဲ့အောင်သူ

မြန်မာဘောလုံးပရိသတ်တွေကအောင်သူကိုမြန်မာမက်ဆီဆိုပြီးချစ်စနိုးခေါ်ကြပါတယ်။

မက်ဆီလိုပဲအလိမ်အခေါက်၊ဂိုးသွင်းတိကျမှုတွေကြောင့်သူု့ကိုမြန်မာမကိဆီရယ်လို့နာမည်ပေးထားကြတာပါ။

ဒါပေမယ့်ဗီယက်နမ်Media တွေကတော့အောင်သူကိုမြန်မာရော်နယ်ဒိုဆိုပြီး

ဖော်ပြနေကြပါတယ်။အသင်းတစ်သင်းလုံးကိုဦးဆောင်နိုင်ပြီး၊

ခေါင်းတိုက်ဂိုးသွင်းမှုတွေပြုလုပ်နိုင်လို့မြန်မာရော်နယ်ဒိုလို့ခေါ်ကြတာလို့သူတို့ကပြောပါတယ်။

အောင်သူရဲ့အောင်မြင်မှုဟာကြောက်ခမန်းလိလိပါပဲ။

အာဆီယံဒေသတွင်းပြိုင်ဘက်တွေဟာအောင်သူကိုကြောက်လန့်နေကြပါတယ်။မနေ့ကစင်ကာပူနဲ့ပွဲမှာဆိုရင်အောင်သူကိုDanger Manတစ်ယောက်အဖြစ်သတ်မှတ်ထားပြီးစင်ကာပူနောက်ခံလူဖန်ဒီတို့ချုပ်ပြီးကစားခဲ့တာပါ။

ဒါပေမယ့်အောင်သူဟာဖန်ဒီတို့ခံစစ်ကိုချေမှုန်းပြခဲ့ပြပြီး

ဆီးဂိမ်းရဲ့ပထမဆုံးဂိုးသွင်းရှင်ဖြစ်လာကာအာဆီယံမီဒီယာတွေမှာကျော်ကြားလာနေပါတယ်။

ESPN ကရွေးချယ်တဲ့စောင့်ကြည့်ရမယ့်ကစားသမား

ငါးယောက်မှာအောင်သူပါသလို၊Siamsports ရဲ့ဂိုးသွင်းအများဆုံးဆုအတွက်ရေပန်းစားမှုမှာလည်း

ထိုင်းတိုက်စစ်မှူးချန်းရော့၊ဗီယက်နမ်တိုက်စစ်မှူးငုယင်ကောင်ဖောင်တို့နဲ့အပြိုင်ဖြစ်နေပါတယ်။Fox Sportsကလည်းအောင်သူအကြောင်းတွေကို

အလေးထားဖော်ပြနေတာတွေ့နေရပါတယ်။အောင်သူ့အနေနဲ

သူ့ရဲ့ပထမဆုံးဆီးဂိမ်းမှာအကောင်းဆုံးမှတ်တမ်းတစ်ခုရေးထိုးနိုင်မလားဆိုတာ..

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။