တော်တော်ကို စက်ဆုပ်ရွံရာဖို့ကောင်းတဲ့ လုပ်ရပ်ပါပဲ။

ထို်င်းနိုင်ငံမှာ အမျိုးသားတစ်ဦးက သူ့ရဲ့ ဇနီးဖြစ်သူ အမျိုုးသမီးကို ဓာတ်ဆီလောင်းမီးရှို့မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကိုယ့်ချစ်သူအပေါ် သဝန်တိုတယ်ဆိုတာလည်း အလွန်ကျွံကြီးဆိုရင်တော့ သူ့ရဲ့လွတ်လပ်မှုကိုထိပါးလာသလို ဖြစ်တတ်ပါတယ်။ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးဟာ ဖေ့ဘုတ်ပေါ်မှာ ပုံတွေအရမ်းတင်လွန်းလို့ဆိုပြီး ခင်ပွန်းဖြစ်သူရဲ့ မီးရှို့ခြင်းခံခဲ့ရပါတယ်။

ဒါက အချစ်ကြီးတော့ အမြတ်ကြီးသလိုများ ဖြစ်သွားတာလား မပြောတတ်ဘူး။

ဒါပေမယ့် အခုလို အမျိုးသမီးဖြစ်သူရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေလောက်အောင်တော့ မလုပ်သင့်ပါဘူး။ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ Nuankhul ဆိုသူအမျိုးသမီးဟာ ဖေ့ဘုတ်ပေါ်မှာ ဆက်ဖီဓာတ်ပုံ(၃)ပုံ ဆက်တိုက်တင်ခဲ့ရာက သူမရဲ့ ခင်ပွန်းဖြစ်သူက တွေ့ရှိခဲ့ပြီး သဝန်တိုကာ ဒေါသထွက်ခဲ့တယ်လို့ ဆိုပါတယ်၊ သူမတို့ ဇနီးမောင်နှံ အကြီးကျယ် အငြင်းပွားခဲ့ကြပြီး ခင်ပွန်းဖြစ်သူဟာ ဇနီးရဲ့ ခန္ဓာကိုယ်ပေါ်ကို ဓာတ်ဆီလောင်းမီးရှိုှု့ခဲ့တာပါ။

သူမဟာ  မျက်နှာအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးလောင်ဒဏ်ရာတွေနဲ့အတူ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရှာပြီလို့သိရပါတယ်။

Nuankhul ကတော့ သူမရဲ့ အဖြစ်ဆိုးကြီးနဲ့ ပတ်သက်ပြီး “ ဒီအဖြစ်ဆိုးက ကျွန်မ ရင်ထဲအသည်းထဲမှာ ဒီနေ့အထိ ကြောက်နေတုန်းပဲ ကျွန်မတို့မှာ ကလေးတစ်ယောက်လည်းရှိနေပြီဆိုတော့ ကျွန်မ သူ့ကို ခွင့်လွှတ်ပေးရမယ် မီးစွဲနေချိန် ကျွန်မသိလိုက်တာက ငရဲပြည်ကိုရောက်နေသလိုပဲ ခံစားလိုက်ရတယ် နောက်ပြီး အရမး်နာကျင်လွန်းလို့ တစ်ခါမှ ဒီလိုဖြစ်မယ်ကြိုမတွေးထားခဲ့မိဘူး” လို့ ရင်ဖွင့်ပါတယ်။

လက်တလောမှာတော့ သူမရဲ့ခင်ပွန်းကလည်း ထောင်ထဲရောက်နေလို့ ကူညီမယ့်သူမရှိသလို ခွဲစိတ်ကုသမှုတွေအတွက်လည်း ဆေးဖိုးလိုအပ်နေသေးတယ်လို့ ဆိုပါတယ်။  

သတင်းအရင်းမြစ် Viral

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။