ကမ္ဘာကျော်ကြေးစားလက်ဝှေ့သမား မိုက်တိုင်ဆန်ရဲ့ ကမ္ဘာကျော် ထိုးကွက်တွေကို တင်ပြလိုက်ပါတယ်။မိုက်တိုင်ဆန်ဟာဆိုရင် ဇွန်လ(၃၀)ရက် ၁၉၆၆ ခုနှစ်တွင်အမေရိနိုင်ငံ၊နယူးယောက်မြို့တော် ဘရွတ်ကလင်းရပ်ကွက်တွင် ဆင်းရဲသားလူမည်းမိသားစုကမွေးဖွားလာခဲ့ခြင်းဖြစ်ပါတယ်။

ငယ်စဉ်ကဘဝကိုဆင်းရဲစွာဖြတ်သန်းခဲ့ရပြီး ပညာကိုလည်းကောင်းစွာသင်ကြားခွင်မရခဲ့ပေ။

ဆိုးသွမ်းသောကြောင့်လူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းကိုအပို့ခံရပြီး ထိုကျောင်းမှ အတိုင်ပင်ခံလူကြီး ဘော့စတီဝပ်ကမိုက်တိုင်ဆန်ရဲ့အရည်အချင်းကိုသိ၍ လက်ဝှေ့သင်တန်းကျောင်းကိုပို့ခဲ့ပါတယ်။

၁၉၈၅ခုနှစ်လက် ဝှေ့လောကသို့စတင်ဝင်ရောက်လာခဲ့ပါတယ်။မိုက်တိုင်ဆန်ရဲ့ကြေးစားလက်ဝှေ့သမိုင်းတွင် လက်ဝှေ့ပြိုင်ပွဲပေါင်း (၅၈)ပွဲ ထိုးသတ်ခဲ့ရာ နိုင်ပွဲ(၅၀)၊ ရှုံးပွဲ(၆) ပွဲနဲ့ ပွဲပျက်(၂)ပွဲရှိခဲ့ပြီး အလဲထိုးအနိုင်ရရှိခဲ့သည့်ပွဲပေါင်း (၄၄)ပွဲရှိခဲ့သည်။

ယခု တစ်ခေတ်တစ်ခါက သူမမှီအောင်ကျော်ကြားခဲ့သော လက်ဝှေ့ဘုရင် မိုက်တိုင်ဆန်ရဲ့စင်ပေါ်မှာတွင် တဖက်လက်ဝှေ့သမားကို ကြမ်းတမ်းခဲ့တဲ့ပွဲတွေကို စုပေါင်းပြီးတင်ပြလိုက်ပါတယ်။

သတင်းအရင်းမြစ် You Tube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။