ဘာဘီကာတွန်းဇာတ်ကားထဲက ဘာဘီနဲ့မင်းသားလေးပုံစံ ပြုပြင်ခွဲစိတ်ပြီးတာတောင်မှ Justin Jedlica နဲ့ Pixee Fox ဟာမကျေနပ်နိုင်သေးပါဘူး။ Pixeeဟာ နံရိုးခြောက်ချောင်းကို ထပ်မံဖယ်ရှားခဲ့ပါတယ်။ အခုဆို စုစုပေါင်းခွဲစိတ်ခဲ့တာ စတာလင်ပေါင် ၃သိန်း ၈သောင်းကုန်ကျခဲ့ပြီဖြစ်ပါတယ်။

အသက်၂၆နှစ်အရွယ်Pixeeဟာဆိုရင် သာမန်လူမခံနိုင်တဲ့ ခွဲစိတ်မှုပေါင်း ၁ရခုကိုလုပ်ခဲ့ရပြီး၊ ရင်ဘတ်ခွဲစိတ်မှုကလေးခါ၊ နှုတ်ခမ်းခွဲစိတ်မှုကိုလဲလုပ်ခဲ့ရပြီး ခွဲစိတ်မှုမှာကုန်ကျခဲ့တဲ့ငွေတွေဟာ သူမကိုယ်ပိုင်ငွေတွေအပြင် သူမရဲ့ အမျိုးသားပရိသတ်တွေကနေလဲ ထောက်ပံပေးထားတာဖြစ်ပါတယ်။

အသက်၃၁နှစ်အရွယ် Justinကတော့ မျက်နှာပိုင်းဆိုင်ရာနဲ့ ပခုံး၊ ကျော၊ ညှပ်ရိုး၊ တင်ပါးခွဲစိတ်မှုတွေကိုပြုလုပ်ခဲ့ရပါတယ်။ Justinဟာ သူနဲ့ သုံးနှစ်တာပေါင်းသင်းနေထိုင်ခဲ့တဲ့ ယောကျာ်းကို ကွာရှင်းပြီး Pixeeကလဲ အချစ်ရေးထက် ခွဲစိတ်မှုတွေက ပိုပြီးအရေးကြီးတယ်လို့ယူဆထားသူဖြစ်ပါတယ်။

ပလတ်စတစ်ဆာဂျရီဆရာဝန်တစ်ဦးဖြစ်သူ Justinဟာ သူ့ရဲ့ ကိုယ်ပိုင်ခွဲစိတ်မှုတွေကိုသူကိုယ်တိုင်စီမံသူဖြစ်ပြီး Pixeeကိုလဲ ခွဲစိတ်မှုဆိုင်ရာဗဟုသုတတွေပေးလေ့ရှိပါတယ်။ Justinဟာ သူ့ရဲ့ခွဲစိတ်မှုဆိုင်ရာအစွဲကြောင့် သူ့ကို သဘောကျမယ့်မိန်းကလေးမရှိဘူးဟုပြောခဲ့သလို Pixeeကလဲ တစ်နေ့တစ်နေ့သူလိုချင်တဲ့ခန္ဓာကိုယ်အတွက် ၅နာရီကြာ အားကစားလုပ်ရပြီး အချစ်ရေးဟာ သူ့အတွက်နောက်ဆုံးစာရင်းမှာထားထားတယ်လို့ပြောပါတယ်။

Pixee က သူမဟာ သဲနာရီပုံစံ ခန္ဓာကိုယ်ကောက်ကြောင်းကို သဘောကျပြီး ကာတွန်းဇောတ်ကောင်တစ်ကောင်နဲ့မတူမချင်းရပ်မှာမဟုတ်ဘူးလို့ပြောကြားလိုက်ပါတယ်။ Justin နဲ့ Pixeeဟာ ပလတ်​စတစ်​ခန္ဓာကိုယ်ကို စိတ်ဝင်စားတဲ့သူမးအချင်းအချင်း ခင်မင်ရင်းနှီးခဲ့တာဖြစ်ပြီး နှစ်ယောက်လုံးကသူငယ်ချင်းကောင်းတွေဖြစ်တယ်လို့သိရပါတယ်။

Source : Mirror

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။