ဥရောပအကောင်းဆုံးကစားသမားဆုကို ပေးအပ်ဖို့ အချိန်ကလည်း နီးသည်ထက်နီးလာပြီလည်းဖြစ်ပါတယ်။ဥရောပ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်သုံးဦးစာရင်းလည်း ထွက်လာခဲ့ပြီလည်းဖြစ်ပါတယ်။

မက်ဆီ ၊ ရော်နယ်ဒို ၊ ဘူဖွန် တို့ဟာ ဥရောပအကောင်းဆုံးကစားသမားဆုမှာ ဆန်ကာတင်ရွေးချယ်ခံထားရသူတွေလည်းဖြစ်ပါတယ်။ဘူဖွန်ဟာ စီရီးအေဖလားရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ဒုတိယနေရာထိရောက်အောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါဖလားကို သိမ်းပိုက်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။မက်ဆီကတော့ အသင်းအတွက်ဂိုးသွင်းအများဆုံးသွင်းယူပေးခဲ့ပြီး စပိန်ဘုရင့်ဖလားရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်က ဥရောပအကောင်းဆုံးဆုကို ရော်နယ်ဒိုက သိမ်းပိုက်ထားခဲ့ထားတာလည်းဖြစ်ပါတယ်။သြဂုတ်လ ၂၄ ရက်မှာတော့ ဒီဆုကဘယ်သူနဲ့ထိုက်တန်မလဲဆိုတာတော့ အဖြေပေါ်တော့မှာလည်းဖြစ်ပါတယ်

Source - Squawka football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။