အသက် ၂၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိန်းမပျိုလေး ကိုင်လီမော့က မွေးကတည်းက သူ့ဆီမှာ မလိင်အင်္ဂါ ပါ၀င်လာခြင်းမရှိခဲ့ပါဘူး။ ကိုင်လီမော့က အမေရိကန် အရီဇိုးနား ပြည်နယ်မှာ နေထိုင်ကြီးပြင်းလာတဲ့ မိန်းကလေးပါ။ သူမအနေဖြင့် Mayer Rokitansky Küster Hauser syndrome (MRKH) ရောဂါခံစားနေရာတာဖြစ်ပါတယ်။ ထိုရောဂါက ဖြစ်ပွားသူအနေဖြင့် အမျိုးသမီးမလိင်အင်္ဂါလမ်းကြောင်း မပါ၀င်တော့တာကို ကြုံတွေ့ရမှာပါ။ 

မိန်းမပျိုလေး ကိုင်လီမော့က လက်ရှိအချိန်မှာ သူ့ချစ်သူ ရော်ဘီလီမာနှင့် ချစ်ကျွမ်းဝင်လျက်ရှိပါတယ်။ အကယ်၍ သူမမှာ အမျိုးသမီးမလိင်အင်္ဂါလမ်းကြောင်းမရှိပါက ချစ်သူနှင့်ချစ်တင်းနှောနိုင်စွမ်းရှိနိုင်မှာမဟုတ်ပါဘူး။ ဒီထက်ပိုဆိုးတာက သူမတို့ချစ်သူ၂ဦးအနေဖြင့် အနာဂတ်မှာ မိသားစုထောင်နိုင်စွမ်း မရှိနိုင်ခြင်းပါ။ ဒါကြောင့် ကိုင်လီမော့ အနေနှင့် အဆိုပါကိစ္စတွေကို တွေးပူရင်း စိတ်ညစ်နေရပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ ကိုင်လီမော့တစ်ယောက် သူမအနေနှင့် ခွဲစိတ်မှုခံယူကာ အမျိုးသမီးမလိင်အင်္ဂါလမ်းကြောင်း ရရှိအောင်ကြိုးစားတော့မှာပါ။ သူမအနှေနှင့် ဒီလိုမျိုး စိတ်ဓာတ်ပြန်မာလာစေတာက သူ့ချစ်သူ ရော်ဘီလီမာက အခရာကျခဲ့ပါတယ်။ ရော်ဘီလီမာဟာ သူ့ချစ်သူ ကိုင်လီမော့နှင့် လိင်ဆက်ဆံခွင့်မရလဲ သူကဆက်ချစ်နေမှာဖြစ်တယ်လို့ ပြောကြားခဲ့သလို ကိုင်လီမော့တစ်ယောက် ခွဲစိတ်ခရရှိအောင် အလှူခံတဲ့နေရာမှာလည်း စွမ်းစွမ်းတမံကြိုးပမ်းပေးခဲ့တာပါ။ ကိုင်လီမော့ အနေနှင့် ခွဲစိတ်ပါက အနည်းဆုံး ပေါင်တစ်သောင်းခွဲထိ ကုန်ကျနိုင်ပါတယ်။ဒါကြောင့် ကိုင်လီမော့နှင့်သူ့မချစ်သူ၊ သူမမိသားစုက ကိုင်လီမော့အတွက် အမျိုးသမီးမလိင်အင်္ဂါလမ်းကြောင်းရရှိအောင် လက်ရှိအချိန်မှာ ကူညီအားပေးအလှူခံလျက်ရှိပါတယ်။

Hein (Mg Lu Aye)

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။