ပြိုင်ဘက်ဟောင်းတွေပြန်တွေကြတဲ့ပွဲ

ဒီနေ့ကစားမယ့်မြန်မာပွဲနဲ့လာအိုပွဲကတော့စိတ်လှုပ်ရှားစရာ

အပြည့်ပါပဲ။ရွှေကို၊အောင်ကောင်းမာန်တို့နဲ့လာအိုအသင်းကဆွန်သန်လန်း၊

မက်တီးတို့ရဲ့တကျော့ပြန်ပြန်လည်တွေ့ဆုံမှုဟာလည်း

ဒီပွဲရဲ့Tempoကိုအမြင့်ဆုံးဖြစ်စေပါတယ်။သူတို့တွေဟာ

အာဆီယံယူ -19ပြိုင်ပွဲမှာလည်းတွေ့ဆုံဖူးပါတယ်။အဲ့ဒီပွဲမှာ

မြန်မာနဲ့လာအို 4ဂိုး 4ဂိုးသရေကျခဲ့ပါတယ်။

မြန်မာဘက်ကအောင်ကောင်းမာန်ကနှစ်ဂိုး၊ရွှေကိုနှစ်

ဂိုးသွင်းပြီးလာအိုဘက်ကမက်တီးကဟက်ထရစ်၊ဆွန်သန်လန်းကနောက်ဆုံးမိနစ်မှာ

အဖိုးတန်ချေပဂိုးသွင်းထားခဲ့တာပါ။အခုအချိန်မှာတော့သူတို့လေးယောက်လုံးဟာ

သက်ဆိုင်ရာကလပ်တွေမှာခြေစွမ်းပြကစားနေကြပြီး

အရွယ်ရောက်လာကြပါပြီ။မက်တီးကောဆွန်သန်လန်း

ပါလာအိုပရီးမီးယားလိဂ်ချန်ပီယံလာအိုတိုယိုတာမှာကစား

နေပြီးမက်တီးဟာလာအိုအလက်ဆစ်ဆန်းချက်

ဆိုပြီးကျော်ကြားနေသူပါ။မက်တီးဟာလာအိုတိုယိုတာနဲ့အတူ

မြန်မာကလပ်တွေဖြစ်တဲ့အေရာဝတီ၊ရန်ကုန်တို့နဲ့ကစားဖူးပြီး

နှစ်သင်းလုံးကိုလည်းဂိုးသွင်းထားပါတယ်။

မက်တီးဟာအခုဆိုရင်လာအိုအသင်းရဲ့အတောက်ပဆုံးကစား

သမားတစ်ယောက်ဖြစ်နေပါပြီ။ဆွန်သန်လန်းကတော့ပြီးခဲ့တဲ့အာရှယူ-23ခြေစစ်ပွဲတလျှောက်ခြေစွမ်းပြခဲ့သူုဖြစ်ပြီးလာအိုတိုယိုတာရဲ့အဓိက

ကစားသမားတစ်ယောက်ပါ။လာအိုဆန်းချက်ခေါင်းဆောင်လာတဲ့

အသင်းနဲ့အောင်ကောင်းမာန်တို့ပြန်လည်ရင်အတွေ့ဘယ်သူအသာရသွားမလဲဆိုတာကတော့..

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။