ရင်ဖိုရင်ခုန်တိုုက်စစ်အစုံနဲ့အမြင့်ပျံနေဆဲမြန်မာ


မြန်မာအသင်းရဲ့ပွဲကတော့တကယ့်ကိုစိတ်လှုပ်ရှားစရာ

တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။အောင်သူကိုအထောင်ထားပြီး

ကွင်းလယ်ခံစစ်သမားရဲရင့်ထွန်းကိုမစ္စတာဂတ်ထည့်သွင်းအသုံးပြုခဲ့ပါတယ်။လာအိုကတော့အမြင့်ဘောတွေနဲ့ကောင်တာကစားသွားခဲ့ပါတယ်။ပထမပိုင်းမှာမောင်မောင်လွင်၊အောင်သူတို့ရဲ့ဂိုးကန်သွင်းချက်များစွာကိုလာအိုဂိုးသမားဆမာနိုလန်ကာကွယ်သွားနိုင်ခဲ့ပါတယ်။ဒါပေမယ့်အောင်သူရဲ့စစ်မှန်မှုကိုတော့

မတားဆီးနိုင်ခဲ့ဘဲပထမပိုင်း37`မိနစ်မှာမြန်မာအသင်းအတွက်ပထမဂိုးသွင်းကိုအောင်သူသွင်းယူပေးသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့မြန်မာအသင်းကစားပုံအနည်းငယ်ကျသွားပါတယ်။ဒုတိယပိုင်းမိနစ်60မှာတော့သီဟထက်အောင်ဖျက်ထုတ်တာမသေသပ်ရာမှတဆင့်လင်သီဒက်ကလာအိုအတွက်ချေပဂိုး

ပြန်သွင်းသွားပါတယ်။ချေပဂိုးပြန်ပေးလိုက်ရတဲ့နောက်မှာတော့မြန်မာအသင်း

ပြန်ဖိလာခဲ့ပြီးအနိုင်ဂိုးရဖို့အစွမ်းကုန်ကြိုးစားလာခဲ့ပါတယ်။

မြန်မာအသင်းရဲ့ကြိုးစားမှုအရာထင်ခဲ့ပြီးလူစားဝင်တိုက်စစ်သမားရွှေကိုကနောက်ဆုံးမိနစ်မှာအဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့ပြီး

လာအိုအသင်းရဲ့သရေရယူရေးအိမ်မက်ကိုနင်းချေဖျက်ဆီးခဲ့ပါတယ်။

အနိုင်ဂိုးပေးလိုက်ရပြီးအားလျော့သွားတဲ့လာအိုကိုမြန်မာ

ဆက်လက်ဖိကစားခဲ့ပြီးနာကျင်အချိနိပိုနောက်ဆုံးမိနစ်နောက်ဆုံးအလုံးမှာပဲတတိယဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။

ဒီပွဲဟာမြန်မာလူငယ်တွေရဲ့လွယ်လွယ်ကူကူလင်မလျော့တတ်တဲ့စိတ်ဓာတ်ကိုပြသခဲ့တဲ့ပွဲဖြစ်ခဲ့ပြီးအနိုင်ရလဒ်နဲ့အတူ

ဆက်လက်အမြင့်ပျံသန်းခဲ့ပါတော့တယ်။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။