မြန်မာအသင်းကန်တာကိုပရိသတ်တွေမြင်စေချင်ခဲ့လွန်းသူ

သရုပ်ဆောင်မင်းသားစည်သူမောင်တစ်ယောက်မနေ့က

တော်တော်အလုပ်များနေခဲ့ပါတယ်။စည်သူမောင်ဟာ

မြန်မာ့ဆီးဂိမ်းအားကစားသမားတွေရဲ့လှုပ်ရှားမှုသတင်း

တွေကိုမြန်မာပြည်သူတွေဆီတင်ပြပေးဖို့မြန်မာဘောလုံး

အသင်းနဲ့အတူမလေးရှားကိုရောက်နေခဲ့တာပါ။

မနေ့ကလာအိုနဲ့မြန်မာပွဲကိုမြန်မာပြည်ကပရိသတ်ကြီး

ရုပ်သံကနေကြည့်ဖို့ဘယ်လောက်တောင်ခက်ခဲ

ခဲ့တယ်ဆိုတာအားလုံးအသိပါပဲ။

"ဒီမှာရှိတဲ့တာဝန်ရှိအကြီးအကဲအားလုံးကိုကျွန်တော်ဝင်တွေ့တယ်။

မလေးရှားကအစှအစဉ်မရှိလို့မရိုက်ပေးဘူးဆိုရင်လည်း

ကိုယ့်အစီအစဉ်နဲ့ကိုယ်ဝင်ရိုက်မယ်ဆိုတော့လည်းအိမ်ရှင်အနေနဲ့ထုတ်လွှင့်ခွင့်ကထားတဲ့

မလေးရှားတာဝန်ရှိသူတွေကခေါင်းမာမာနဲု့ငြင်းကြတယ်လို့"မြန်မာဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူ

ဦးစိုးမိုးကပြောပါတယ်။မြန်မာနိုင်ငံဘောလုံးသမိုင်းမှာတစ်ခါမှ

ပြည်သူတွေရုပ်သံကမကြည့်ခဲ့ရတာမရှိပါဘူး။

အခုမလေးရှားဆီးဂိမ်းရောက်မှပထမဆုံးကြုံခဲ့ရတာပါ။

ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်အပါအဝင်၊တာဝန်ရှိသူတွေ

ဟာအနည်းဆုံးတော့Facebook Live လွင့်ခွင့်ရရေးအတွက်မလေးရှားဆီးဂိမ်းကျင်းပရေး

ကော်မတီကိုတိုက်ပွဲဝင်ခဲ့ကြပါတယ်။တိုက်ပွဲဝင်အဖွဲ့ထဲမှာ

စည်သူမောင်လည်းပါဝင်ခဲ့ပြီးနောက်ဆုံးမှာ

တရားဝင်Facebook Liveလွင့်ခွင့်ရခဲ့ပါတယ်။မြန်မာပြည်က

ပရိသတ်ကြီးမြန်မာအသင်းကန်တာကို

မျက်ဝါးထင်ထင်တွေ့မြင်ခွင့်ရဖို့အသည်းအသန်ကြိုးစား

ခဲ့ပြီးနောက်စည်သူမောင်တစ်ယောက်ဖျားနေပါတယ်လို့

ဘောလုံးအဖွဲ့ချုပ်ကကိုအောင်မျိုးကပြောပြပါတယ်။

Source-KoAung Myo FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။