ထိုသူဟာအမေရိကန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်ပါတယ်။၄င်းဟာ ဂျာမနီနိုင်ငံ Dresden မြို့ရှိ Europe အမည်ရှိ ကဖေးဆိုင်တစ်ဆိုင်မှာထွက်လာပြီး နာဇီပုစံအလေးပြုခဲ့ပါတယ်။အဲ့ဒီလိုအလေးပြုပြီး မကြာမီ လူတစ်ရောက်ဟာဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ထိုသူကိုတော့ မည်သူမည်ဝါမသိသေးဘဲ အခုလက်ရှိတော့ ရှာဖွေနေဆဲပါ။အချိန်အားဖြင့် စနေနေ့ မနက် ၈ နာရီလောက်တွင် ဖြစ်ပွားခဲ့ပြီး ၄င်းကမ္ဘာလှည့်ခရီသည်ကို အစိုးရမှရှာဖွေစုံစမ်းမှုများပြုလုပ်နေပါတယ်။ဂျာမနီနိုင်ငံဟာ နာဇီပုံစံအလေးပြုခြင်းကို ပိတ်ပင်ထားပြီး ထိုသို့ ကျူးလွန်ခဲ့လျှင် ထောင်ဒဏ်(၃)နှစ်အထိ ချမှတ်နိုင်သည်ဟု နိုင်ငံရဲ့ဥပဒေမှာဖေါ်ပြထားပါတယ်။ထိိုကဲ့သိုဖြစ်ရပ်မျိုးသည် ယခုတစ်ကြိမ်တည်းမဟုတ်ဘဲ လွန်ခဲ့သောတစ်ပတ်ခန့်က ဘာလင်က Reichstag လွတ်တော် အဆောက်အအုံဟောင်းရှေ့တွင် တရုပ်နိုင်ငံသား(၂)ဦးကလဲထိုကဲ့သို့ နာဇီပုံစံအလေးပြုခဲ့မှုကြောင့် ထိန်းသိမ်းခြင်းခံခဲ့ရပြီး ငွေဒဏ်ဒေါ်လာ၆၀၀ သာရိုက်ပြီး နိုင်ငံမှထွက်ခွာခွင့်ပေးလိုက်ပါတယ်။

ဂျာမနီမှာတော့ ဤကဲ့သိုပြုလုပ်လျှင်ထောင်သုံးနှစ်ဖြင့်ကျခံရနိုင်သော်လည်း အခုထက်ထိတော့ ထောင်ဒဏ်ချမှတ်ချင်းမရှိသေးပါ။ဂျာမနီနိုင်ငံဟာ ဒုတိယကမ္ဘာစစ်မှာ တစ်ကမ္ဘာလုံး ထိပ်လန့်တုန်လူပ်ခဲ့ရသောနိုင်ငံတစ်နိုင်ဖြစ်ပြီးဟစ်တလာရဲ့အကြမ်းဖက်ဝါကြီးစိုးခဲ့သောနို င်ငံ ဖြစ်ခဲ့သည်။ထိုကာလပြီးသောအခါ ဂျာမနှီနိုင်ငံသည် အရှေဂျာမနီနှင့်အနောက်ဂျာမနီဆိုပြီး နိုင်ငံနှစ်ခုကွဲခဲ့ပါသေးတယ်။၁၉၉၀ ခုနှစ်မှာတော့နှစ်နိုင်ငံပြန်လည်ပေါင်းစည်းခဲ့တာလည်းဖြစ်ပါတယ်။အခုလက်ရှိမှာတော့ ဂျာမနီဟာ တစ်ချိန်တုန်းကဂျာမနီနှင့်များစွာကွာခြားနေပြီးပြည်တွင်းရေးကော ပြည်ပရးမှာပါငြိမ်သက်နေသောနိုင်ငံ တစ်နိုင်ငံဟုလည်း မြင်တွေရမှာပါ။ 

သတင်းအရင်းမြစ် : ႈIrrawaddy burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။