ချဲလ်ဆီးအသင်းဟာ လက်စတာအသင်းရဲ့ကွင်းလယ်ကစားသမား ဒရင့်ဝါးတာကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ကစားသမား မာတစ်ကို ပြိုင်ဘက် မန်ယူအသင်းထံ ပေါင် သန်း ၄၀ နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ဒါ့ကြောင့် ချဲလ်ဆီးအသင်းဟာ မာတစ်ကိုရောင်းရငွေ ပေါင်သန်း ၄၀ နဲ့ ဒရင့်ဝါးတားကို မာတစ်နေရာမှာ အစားထိုးဖို့ ခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ လက်စတာအသင်းမှာအတူခြေစွမ်းပြခဲ့တဲ့ ကန်တေ၊ဒရင့်ဝါးတားအတွဲကို ပုံဖော်လိုနေတာလည်းဖြစ်ပါတယ်။ 

ချဲလ်ဆီးအသင်းဟာ ဒရင့်ဝါးတားကိုခေါ်ယူဖို့အတွက် ကနဦးပေါင်သန်း ၂၀ နဲ့ဝယ်ယူဖို့ လေသံပစ်ခဲ့ပြီး လက်စတာအသင်းက လက်မခံဘူးလို့သတင်းတွေထွက်လာခဲ့ပါတယ်။ယခုအခါ ချဲလ်ဆီးအသင်းက ပေါင်သန်း ၄၀ နဲ့ဈေးတိုးပေးပြီး ခေါ်ယူဖို့ ကမ်းလှမ်းသွားမှာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးခေါ်ယူမှုလို့သတ်မှတ်ခြင်းခံထားရတဲ့ လက်စတာအသင်းရဲ့ကွင်းလယ်ကစားသမား ကန်တေ ကိုလည်း ခေါ်ယူထားတာဖြစ်ပါတယ်။

ဒရင့်ဝါးတားဟာ လက်စတာအသင်းနဲ့အတူ ခြေစွမ်းပြသနေလျက်ရှိပြီး လက်စတာအသင်းအတွက် ပွဲပေါင်း ၁၉၃ ပွဲကစားပေးထားလျက်ရှိပြီး ၁၃ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဒရင့်ဝါးတားဟာ လက်စတာအသင်းနဲ့အတူ အံ့အားသင့်ဖွယ်ရာသီတစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလားကို ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။ယခုနှစ်ပရီးမီးယားလိဂ် ပွဲစဉ် ၁ အဖြစ် အာဆင်နယ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

source - football transfer news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။