တကယ်လို့သင်ဟာ ဆေးလိပ်၊အရက်သောက်တက်တယ်ဆိုလျှင်ပဲ သင်ဟာ ကျန်းမာရေးထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးတွေ မရှိဘူးလို့မဆိုနိုင်ပါဘူး။သင့်မှာ အရွယ်မရောက်ခင် အိုမင်းစေနိုင်တဲ့ အမှားတွေ အများကြီးလုပ်မိနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။သင့်အနေနဲ့အရေပြားအရေးအကြောင်းတွေ လျော့ပါးစေပြီး သင့် အသက်အရွယ်ထက်ပိုမိုအိုမင်းရင့်ရော်စေနိုင်တဲ့ အချက်တွေကိုသင်သိဖို့လိုပါတယ်။

လုံလောက်စွာမအိပ်စက်ခြင်း

အိပ်ရေး၀၀လင်လင်မအိပ်စက်ခြင်းဟာ ကျန်းမာရေးကို အဆိုးရွားဆုံးထိခိုင်နိုင်တဲ့အကြောင်းအရာတခုပါ။အိပ်ရေးမဝတာက နောက်ပိုင်းမှာခန္ဓာကိုယ်မှာရောဂါတွေဝင်စေပါတယ်။အိပ်စက်အနားယူချိန်တအားနည်းတာဟာ အရေပြားကိုဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။ဒါဟာလည်းသင့်ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကိုဖြစ်စေပါတယ်။ဒါကြောင့် တစ်ညကိုအနည်းဆုံး ခုနှစ်နာရီ၊ရှစ်နာရီခန့်အိပ်စက်ပေးဖို့လိုပါတယ်။

အချိုဓာတ်များများစားသုံးခြင်း

ပြုပြင် ပြင်ဆင် ထားတဲ့ အသင့်စား အစားအစာ တွေ၊ အချိုရည်တွေကို အလွန်အ ကျွံစားသုံးတာက အသားအရေကို မစိုမပြည် ဖြစ်စေပါတယ်။ သွေးတွင်း အချိုဓာတ်မြင့်နေတဲ့သူတွေက အသက်အရွယ်ထက် ပိုမိုအို မင်းရင့် ရော်ကြပါတယ်။

အမြဲလိုလို စိတ်ဖိစီးနေခြင်း

အစဉ်မပြတ် စိတ်ဖိစီးစရာတွေကို တွေးတောနေတာက အိပ်စက်မှုပုံစံကို ထိခိုက်စေရုံသာမက နှလုံး ရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်သ လို အသက်အရွယ်ကိုလည်း ပုံမှန်ထက် ၁၀ နှစ်လောက် အိုမင်းရင့် ရော်စေပါတယ်။

ကိုယ်အလေးချိန်ကျစေရန်လုပ်ခြင်း

ကိုယ်အလေးချိန် ကျဆင်းစေဖို့ အစားအစာအုပ်စုတွေကို ဖယ်ထုတ် စားသုံးတာတွေက ဆိုးရွားတဲ့ ရွေးချယ်မှုဖြစ်သလို အရေပြားကို နေလောင်ဒဏ်နဲ့ အခြားထိခိုက် ပျက်စီးမှုအန ္တရာယ်တွေကနေ ကာကွယ်ပေးတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကိုလည်း အလုံအလောက် မထုတ်လုပ်ပေးနိုင်ဘဲ ဖြစ် စေပါတယ်။ 

မျက်နှာသစ်တာနဲ့ လက် ဆေး အကြိမ်ရေ များလွန်းခြင်း

ကျွန်မတို့ဟာ ပြီးပြည့်စုံတဲ့ အသားအရေနဲ့ သန့်ရှင်းစင်ကြယ်တဲ့ လက်အစုံကို ပိုင်ဆိုင်ချင်ကြတာကြောင့် မျက်နှာသစ်တာနဲ့ လက် ဆေးတာတွေကို အကြိမ်များစွာ လုပ်ဆောင်လေ့ ရှိပါတယ်။ သည် လို လုပ်ဆောင်တာဟာလည်း အ သားအရေကို ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးစေပြီး အရွယ်မတိုင်ခင် အိုမင်းစေနိုင်ပါတယ်။

သတင်းအရင်းမြစ် မေအးသီမြန္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။