ဘောလုံးအဖွဲ့ချူပ် ဖီဖာကပေးအပ်တဲ့ အကောင်းဆုံးနည်းပြ ဆန်ကာတင်စာရင်းကတော့ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ဆန်ကာတင်စာရင်းထဲမှာမှ နောက်ဆုံးအကောင်းဆုံးနည်းပြသုံးဦးထိ ရွေးချယ်သွားမှာလည်းဖြစ်ပါတယ်။အဲ့သုံးယောက်ထဲမှာမှ မဲအများဆုံးရရှိတဲ့ တစ်ယောက်ကို ဖီဖာကပေးအပ်တဲ့ အကောင်းဆုံးနည်းပြဆုအဖြစ် အောက်တိုဘာ ၂၃ ရက်နေ့ ရွေးချယ် ဆုချီးမြင့်သွားမှာလည်းဖြစ်ပါတယ်။လက်ရှိအကောင်းဆုံးနည်းပြအဖြစ် ဆန်ကာတင်ရွေးချယ်ခံထားရတဲ့နည်းပြတွေဟာ သက်ဆိုင်ရာကလပ်တွေမှာ အကောင်းဆုံး နည်းပြနိုင်ခဲ့တဲ့သူတွေကို ရွေးချယ်ထားခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိဆန်ကာတင်လူစာရင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းပါဝင်နေခဲ့ပြီး ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီလည်း ပါဝင်နေပါတယ်။နောက်ပြီးစပါးနည်းပြ ပိုချက်တီနိုကို ဆန်ကာတင်စာရင်းမှာ ရွေးချယ်ခဲ့တာဖြစ်ပြီး ဘရားဇီးအသင်းနည်းပြဟောင်း တီတီကိုလည်း ရွေးချယ်ထားတာ တွေ့ရပါတယ်။ဒါ့အပြင် ဂွာဒီယိုလာ ၊ မော်ရင်ဟို ၊ အန်ဆယ်လော့တီ ၊  ဆီမြွန်နီ တို့လည်း ပါဝင်နေခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းနည်းပြ ဂျာဒင်လည်း ပါဝင်လာခဲ့တာတွေ့ရပါတယ်။ဘာစီလိုနာအသင်းနည်းပြဟောင်း လူဝစ်အစ်နရစ် ကိုလည်း ရွေးချယ်ထားခဲ့တာဖြစ်ပြီး ဂျာမနီနည်းပြ ဂျိုအာချင်လိုလည်း ဒီလူစာရင်းထဲမှာပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။ကွန်တီကလည်း ဒီစာရင်းထဲမှာ ရွေးချယ်ခံခဲ့ရတဲ့ နည်းပြတစ်ယောက်လည်းဖြစ်ပါသေးတယ်။

အကောင်းဆုံးနည်းပြဆု ဆန်ကာတင်စာရင်း

ဇီဒန်း

အယ်လီဂရီ

လူးဝစ် အစ်နရစ်

တီတီ

အန်ဆယ်လော့တီ

ဂွာဒီယိုလာ

မော်ရင်ဟို

ဂျိုအာချင်လို

ပိုချက်တီနို

ဆီမြွန်နီ

ဂျာဒင်

အန်တိုနီယို ကွန်တီ တို့ပဲဖြစ်ပါတယ်။

Source - Squawka Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။