ဘောလုံး ပရိသတ်တွေအကုန်လုံးအနေနှင့် လီဗာပူးအသင်း၏ ဂန္တဝင်ကစားသမားကြီး ဂျရတ်ကိုမှတ်မိနေကြမှာပါ။ လီဗာပူးကို ချစ်တဲ့ ဂျရတ်ဟာ လီဗာပူးအသင်းအတွက် အမြဲစွန့်လွှတ် အနစ်နာခံခဲ့ပါတယ်။ ဒါ့အပြင် ဂျရတ်မှာ ထူးခြားတဲ့ အချက်တစ်ချက်ရှိပါတယ်။ သူ့အနေဖြင့် လီဗာပူး၏ခါးသီးပြိုင်ဘက် မန်ချက်စတာယူနိုင်တက်ကို အလွန်မျက်မုန်းကျိုးတယ်လို့ ပြောဖူးပါတယ်။ ဘယ်လောက် မျက်မုန်းကျိုးသလဲဆိုရင် မန်ချက်စတာယူနိုင်တက် ကစားသမားတွေနှင့် အကျီင်္တောင်မလဲဖူးပါဘူး။ ဒါပေမယ့် ယခုအခါမှာတော့ လီဗာပူးဂန္တဝင်ကစားသမားဂျရတ် ခေါ်ယူချင်လိုတဲ့ မန်ချက်စတာယူနိုင်တက်ကစားသမားပေါ်ရှိလာပါတယ်။ ဂျရတ် ခေါ်ယူချင်လိုသော မန်ချက်စတာယူနိုင်တက် ကစားသမား မှာ မာတစ်ဖြစ်သည်။

ပြီးခဲ့တဲ့ တနင်္ဂနွေညက အင်္ဂလန်အမှတ်ပေးဖလား ပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုင်တက်နှင့်ဝက်စ်ဟမ်းတို့ကစားခဲ့ကြပါတယ်။ မန်ချက်စတာယူနိုင်တက် အသင်းက တိုက်စစ်ခြေစွမ်းပြမှုနှင့်အတူ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက် အသင်း၏ ကစားသမားသစ်တွေဖြစ်တဲ့ မာတစ်နှင့် လူကာကူတို့က အကောင်းဆုံးခြေစွမ်းပြနို်င်ခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက် ပရိသတ်တွေကလည်း မာတစ်နှင့်လူကာကူခြေစွမ်းကို အားရခဲ့ပါတယ်။

မန်ချက်စတာယူနိုင်တက်နှင့် ၀က်စ်ဟမ်းတို့၏ ပွဲမှာတော့ မန်ချက်စတာယူနိုင်တက်ကွင်းလယ်လူ မာတစ်က ပွဲအတွက် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ မာတစ်အနေနှင့်အောင်မြင်စွာဘောလုံးပေးပို့နိုင်မှူ ၅၉ကြိမ် ( တိကျမှူ ၈၆%)လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံးအောင်မြင်စွာကျော်ဖြတ်သယ်ယူနိုင်မှူ ရကြိမ် (၁၀၀%အောင်မြင်မှူ) အမြင့်ဘောအသာစီးရယူနိုင်မှူ ၄ကြိမ် အထိစွမ်းဆောင်နိုင်ခဲ့တာပါ။ မန်ချက်စတာယူနိုင်တက်အတွက် မာတစ်က အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ ဒါကြောင့် လီဗာပူးဂန္တဝင်ကစားသမားဂျရတ်လီဗာပူးအတွက် မန်ချက်စတာယူနိုင်တက်အတွက် မာတစ်ကိုခေါ်ယူလိုချင်နေခြင်းဖြစ်သည်။

Hein (Mg Lu Aye) 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။