ဘရူနိုင်းတော်ဝင်မင်းသားဂျက်ဖရီဘိုကီးယားဦးဆောင်လာတဲ့အသင်းနဲ့

စီးချင်းထိုးကြမယ့်မြန်မာစစ်သူကြီးများ

ဒီနေ့နေ့လည်2:30အချိန်မှာကစားမယ့်မြန်မာအသင်းနဲ့

ဘရူနိုင်းတို့ရဲ့ပွဲကလည်းစိတ်ဝင်စားစရာအပြည့်ပါပဲ။

ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကပရီးမီးယားလိဂ်ကလပ်

လက်စတာစီးတီးတောင်ပံကစားသမား

ဖာအစ်ဂျက်ဖရီဘော်ကီးယားဘရူနိုင်းအသင်းမှာပါဝင်လာ

တာပါပဲ။ဂျက်ဖရီဟာဘရူနိုင်းစော်ဘွားကြီးဟာဆန်နယ်

ဘိုကီးယားရဲ့တူတော်စပ်သူတစ်ဦးဖြစ်ပြီး

ဘရူနိုင်းတော်ဝင်မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။

ငယ်စဉ်ကတည်းကအမေရိကန်နိုင်ငံမှာကြီးပြင်းခဲ့ပြီး

ချယ်ဆီးဘောလုံးအကယ်ဒမီထွက်ကစားသမားတစ်ယောက်

ဖြစ်ပြီးအခုအချိန်မှာတော့လက်စတာအသင်းမှာ

ကစားနေပါတယ်။အဲ့ထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက

သူဆော့တဲ့နေရာကမြန်မာအသင်းရဲ့အားအနညး်ဆုံး

နေရာဖြစ်တဲ့နန်းဝေမင်းဆော့တဲ့နေရာပါပဲ။

နန်းဝေမင်းမဆော့ရင်နိုင်လင်းထွန်းဆော့မှာဖြစ်ပေမယ့်

နှစ်ယောက်စလုံးoverlapအရမ်းတက်တဲ့ကစား

သမားတွေဖြစ်လို့အတက်မှားရင်တော့မြန်မာအသင်း

ခံစားသွားရမှာပါ။မြန်မာနည်းပြကြီးဂတ်အနေနဲ့ဒီပွဲမှာ

ကစားသမားတွေကိုအပြောင်းအလဲလုပ်သွားမယ်လို့

ပြောထားပြီးမြန်မာအသင်းရဲ့စစ်သူကြီးအောင်သူ

ပါမပါမသေချာပါဘူး။သူသာပါမလာရင်တော့မြန်မာတိုက်စစ်

ကဂိုးရဖို့သေချာပေါက်ရုန်းကန်ရပါပြီ။

ဘရူနိုင်းအသင်းရဲ့ပုံစံဟာနောက်တန်းကနေ ရှေ့တန်း

Final Third Zoneဆီကိုတိုက်ရိုက်ဘောလုံးပေး

ပို့ုပြီးဂိုးသွင်းယူတတ်လေ့ရှိပါတယ်။နောက်တန်းကဆူလူ၊ရိုဆလန်တို့က ရှေ့ကတိုက်စစ်မှူးဟေဒီ၊ဆူဟာမီတို့ဆီဘောလုံးကိုတိုက်ရိုက်တင်ပိုု့ပေးလေ့ရှိပါတယ်။

မင်းသားဂျက်ဖရီကတော့တစ်ကိုယ်တော်ထိုးဖောက်လေ့ရှိတာကိုတွေ့ရပြီးoverlapအရမ်းတက်တဲ့မြန်မာနောက်တန်းက

နန်းဝေမင်းနဲ့ဟိန်းသီဟဇော်သတိထားဖို့လိုပါတယ်။

မြန်မာအသင်းအနေနဲ့ဒီပွဲမှာအရံတွေထည့်ဆော့မှာဖြစ်ပြီး

ဘရူနိုင်းအတွက်လည်းဒီပွဲကအရမ်းအရေးကြီးနေတာမို့

ုမြန်မာဘရူနိုင်းစီးချင်းထိုးပွဲကတော့အရမ်းကိုကြည့်ကောင်းမှာသေချာနေပါပြီ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။