မိန်းကလေးအနေနဲ့ တချို့အကျင့်တွေ ၊ လုပ်ဆောင်ချက်တွေဟာ အမှုမဲ့ ၊ အမှတ်မဲ့ဆိုပေမယ့် ကျန်းမာရေးအတွက် အန္တရာယ်ရှိနေနိုင်ပါတယ် ။ မိန်းကလေးအနေနဲ့က တကိုယ်ရည် သန့်ရှင်းမှု အားကောင်းဖို့ရော၊ လှပ သပ်ရပ်နေဖို့ရော အမြဲတမ်းနီးပါး လိုအပ်ပါတယ်။ ဒါ့ကြောင့် မိန်းကလေးအများစုက အမှုမဲ့ အမှတ်မဲ့ ဘယ်လိုပြုမူနေထိုင်တတ်လဲ … ဘာတွေ ဆင်ခြင်သင့်လဲ သိထားဖို့အတွက် ဗဟုသုတအနည်းငယ် မျှဝေပေးလို်က်ပါတယ် ။

၁။မိန်းမကိုယ်ကို ဆပ်ပြာဖြင့် ဆေးကြောခြင်း လုံးဝ မပြုလုပ်သင့်ပါဘူး ။ အထူးသဖြင့် အမွှေးနံ့ပါတဲ့ ဆပ်ပြာတွေကို ရှောင်ရှားသင့်ပါတယ်။ ရေ သီးသန့်ဖြင့် ဆေးရင် လုံလောက်ပါပြီ ။ ဆပ်ပြာမှာပါဝင်တဲ့ အချို့သော ဓါတ်တွေက ပြင်းတာကြောင့် မိန်းမကိုယ်ကျန်းမာရေးအတွက် မလိုလားအပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ မိန်းမကိုယ်သန့်စင်ရည်တွေကို အသုံးပြုမယ်ဆိုရင်လည်း မနက်တစ်ကြိမ် ၊ ညတစ်ကြိမ်သာ သုံးပေးပါ။ အလွန်အကျွံသုံးခြင်းကလည်း သင့်ကို အန္တရာယ်ဖြစ်စေပါတယ်။

၂။ အမျိုးသမီးများ ဓမ္မတာလချိန်တွင် အသုံးပြုလေ့ရှိတဲ့ လစဉ်သုံးပစ္စည်းတွေကို မလဲဘဲ အကြာကြီးမထားသင့်ပါဘူး ။ အနည်းဆုံး ၆နာရီခြားတစ်ခါ လဲပေးသင့်ပါတယ် ။ ၄ နာရီခြားတစ်ခါ လဲလျှင် ပိုပြီး သင့်တော်ပါတယ်။ ဓမ္မတာလာချိန်မှာ များစွာသော ဘက်တီးရီးယားပိုးမွှားတွေနဲ့ ကူးစက်မှုတွေ ဖြစ်နေနိုင်ပါတယ် ။ ရာသီသွေးဆင်းမှု နည်းတတ်ရင်တောင် မနှမြောဘဲ လဲပေးသင့်ပါတယ် ။ 

၃။ ဓမ္မတာ လာနေစဉ်အတွင်း အချို့သော ရှေးရိုးစွဲများကို ရှောင်ကြဉ်ပါ။ မိန်းကလေးများ ဓမ္မတာလာနေစဉ်အတွင်း ခေါင်းမလျှော်ရဘူးဆိုတာ ကြားဖူးနေတဲ့ စကားတစ်ခွန်းပါ။ ဓမ္မတာလာနေစဉ်အတွင်း မိန်းကလေးများအနေနဲ့ တကိုယ်ရည်သန့်ရှင်းမှုကို အရင်ကထက် ပိုပြီး ဂရုစိုက်သင့်ပါတယ်။

၄။အောက်ခံ သံကွင်း (သို့) ဝါယာပါတဲ့ ဘရာများကို နေ့စဉ် ဝတ်ဆင်ခြင်းကို မပြုလုပ်သင့်ပါဘူး။ ။ ဒီလိုဘရာတွေဟာ ဝတ်ဆင်လျှင် ပိုပြီးပုံကျ လှပပေမယ့် ကျန်းမာရေးရှုထောင့်အရတော့ မကောင်းမွန်ပါဘူး ။ မကြာခဏ ဝတ်ဆင်မယ်ဆိုရင်တော့ အရေပြား ယားယံခြင်း ၊ နာကျင်ခြင်း ၊ သွေးလှည့်ပတ်မှုမကောင်းခြင်း ၊ ရင်သားမှာမှိုဖြစ်ခြင်း စသည်တို့ ဖြစ်တတ်ပါတယ် ။ နေ့စဉ်ဝတ်တတ်တဲ့အကျင့်ကို မဖြစ်မနေ ရှောင်ကြဉ်သင့်ပါတယ်။ 

၅။ ချိုင်းလိမ်းဆီသုံးခြင်းကို တတ်နိုင်သလောက် ရှောင်ပါ။ ချိုင်းလိမ်းဆီသုံးစွဲမှုများခြင်းက ရင်သားကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ ချိုင်းလိမ်းဆီတွေဟာ အန္တရာယ်များတဲ့ ဓာတုအဆိပ်အတောက်တွေနဲ့ ပြုလုပ်ထားတာကြောင့် အရေပြားပေါ် တိုက်ရိုက်ထိတွေ့လိုက်လျှင် သွေးအတွင်းမှာ အဆိပ်အတောက်တွေ ဖြစ်လာနိုင်ပါတယ် ။ ဒါေ့ကြာင့် လိမ်းမယ်ဆိုလျှင် အဝတ်အစားဝတ်ပြီးမှ အပြင်ဘက် လိမ်းပါ ။ ဘယ်လောက်ပဲ အန္တရာယ်မရှိပါဘူးဆိုဆို အဝတ်အစားဝတ်ပြီးမှသာ အပြင်ဘက် အသုံးပြုပေးပါ။ ချိုင်းမဲခြင်းကလည်း အချို့သော ချိုင်းလိမ်းဆီကြောင့်ဆိုတာ သင် သတိထားမိသင့်ပါတယ်။

၆။နွေရာသီမှာ ဘရာအမဲရောင် ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အမဲရောင် ဘရာဇီယာကို ပူတဲ့ရာသီမှာ ဝတ်ဆင်ခြင်းက သင့်ကို ပိုပြီး ပူလောင်စေနို်င်ပါတယ်။ ဒါ့ကြောင့် အဖြူရောင် (သို့) အခြားသော အရောင်ဖျော့ ၊ ပန်းပွင့် ဘရာတွေကို ဝတ်ဆင်ပေးတာက ပိုပြီးကောင်းပါတယ်။

၇။ဘရာဇီယာကိုတစ်ခါဝတ်ပြီးတစ်ခါလျှော်ခြင်းသည် သင်၏ ဘရာဇီယာအား စောစောစီးစီး ပျက်စီးစေနိုင်ပါတယ် ။ ဘရာတစ်ထည်ကို ၃ခါဝတ်ပြီးမှ လျှော်တာ အကောင်းဆုံးပါပဲ ။ မကြာခဏလျှော်နေရင် သင့်ရဲ့ ဘရာ ပုံပန်းသဏ္ဍန်ဟာ ပျက်ယွင်းပြီး သင့်ရဲ့ရင်သားအလှကိုလည်း ထိခိုက်လာနိုင်ပါတယ်။

၈။ဘရာဝတ်ပြီးအိပ်စက်ခြင်း ဘရာဇီယာ ဝတ်ဆင်ပြီး အိပ်ထားခြင်းက အန္တရာယ်များပါတယ် ။ သင့်ရဲ့ရင်သားတစ်သျှူးတွေကို ထိခိုက်နိုင်ပြီး သွေးလည်ပတ်မှု အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ် ။ ဒါ့အပြင် ရင်သားနာကြင်မှုတွေ နှင့် တင်းကျပ်လွန်းသော ဘရာတွေက ရင်သားကင်ဆာအထိ ဖြစ်နိုင်ပါတယ် ။ ဒါ့ကြောင် ့အိပ်နေစဉ်မှာ ဘရာချွတ်ပြီး အိပ်စက်ကြဖို့ အကြံပြုချင်ပါတယ်။ 

၉။ အတွင်းခံများကို သေချာစွာလျှော်ဖွပ် မီးပူတိုက်ပြီးမှ ၀တ်ဆင်ပါ။ လူတွေ မမြင်ရဘူး ၊ မသိသာဘူးဆိုပြီးတော့ ဒီအချက်ကို မပေ့ါဆလိုက်ပါနဲ့။ ဒီလို ၀တ်ဆင်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှု ရှိပြီး သင့်ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပါတယ်။ တကိုယ်ရည်သန့်ရှင်းမှုလည်း အားကောင်းစေပါတယ်။

၉။နေပူထဲသို့ အကာအကွယ်မဲ့ထွက်ခြင်းကို ရှောင်ကြဉ်ပါ။ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကို ထိလျှင် အရေပြား လောင်ကျွမ်းပြီး အရေပြားကင်ဆာအထိ ဖြစ်လာနိုင်ပါတယ် ။ ဒါ့ကြောင့် နေပူထဲထွက်တဲ့အခါမှာ sunscreen လိမ်းပါ ။ အကာအကွယ်ယူပါ။ ခန္ဓာကိုယ်အနှံ့ နေရောင်မထိအောင် အတတ်နိုင်ဆုံး ဖုံးအုပ်ထားပါ။

ဒီလိုအချက်လေးတွေက မိန်းကလေးတွေအနေနဲ့ တကယ်ပဲ ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ မသိဘဲ လုပ်မိနေတယ် ဆိုရင်လည်း နောက်မဖြစ်ရအောင် ရှောင်ကြဉ်သင့်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။