သင်္ဘောသီးထောင်းလို့ ဆိုလိုက်တာနဲ့ နာမည်ကြီးလွန်းတာကတော့ ယိုးဒယားသင်္ဘောသီးထောင်း ပါပဲ။ ခံတွင်းတွေ့လွန်းပြီး အဆီမတက်၊ ၀ိတ်မတက်တာမို့ စားသုံးသူများကလည်း ထုနဲ့ဒေး ပါပဲ။ အခုလို ရုံးပိတ်ရက်မျိုးမှာ စားသုံးဖို့အတွက် ယိုးဒယား သဘောင်္သီးထောင်းပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

သင်္ဘောသီးစိမ်း - အနေတော် တလုံး

ပုဇွန်ခြောက် - အကောင် ၂၀ခန့်

မြေပဲလှော် - အစေ့၂၀ခန့်

ငရုတ်သီးစိမ်း - ရတောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ

ထန်းလျှက်ခဲ - ကွမ်းသီးဆံအလုံးလောက် ၃ခဲ

ကြက်သွန်ဖြူ- အမွှာကြီးကြီး ၄မွှာ

ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ

ပဲတောင့်ရှည် - ၃တောင့် မရှိလို့မထည့်ထားပါ

ခရမ်းချဉ်သီး - ခပ်ကြီးကြီး တလုံး

သံပုရာသီး - တခြမ်း

ပြုလုပ်ပုံအဆင့်ဆင့်

သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။

ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။

ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။

မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။

ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။

ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။

ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။

ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။

ကျောက်ကျည်ပွေ့ဆိုပါက အနည်းငယ် ထောင်းရင်ရလုံလောက်ပါပြီ။

သစ်သားကျည်ပွေ့ဆိုပါက များများထောင်းပေးမှ အရသာဝင်ပါတယ်။

ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားနည်းနည်း ထည့်ပေးပါ။

သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်အား ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။

ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး ၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။

စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း၊ ပုဇွန်ခြောက်လေး ဖြူးပေးပါ။

ထို့နောက် စပ်စပ်မွှေးမွှေး ယိုးဒယားသင်္ဘောသီးထောင်းလေး အား စားသုံးလို့ရပါပြီ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။