ရုရှားနိုင်ငံ Surgut မြို့မှာ လူတဦးက ခြေလျင်သွားလာနေသူ များကို ဓားဖြင့် တိုက်ခိုက်ခဲ့ရာ ၈ဦး ဒဏ်ရာရှိသွားတယ်လို့ ရုရှားသတင်းတွေက ဆိုပါတယ်။တိုက်ခိုက်သူကိုတော့ ရဲတပ်ဖွဲ့က နေရာတွင် ပစ်သတ်လိုက်ပြီး၊ ဒဏ်ရာရသူများဟာ ဆေးဝါး ကုသမှုခံယူနေရတယ်လို့ ဒေသဆိုင်ရာစုံစမ်းရေး ကော်မတီကဆိုပါတယ်။လက်ရှိမှာတော့ အကြမ်းဖက်တိုက်ခိုက်သူဟာ မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့်ရည်ရွယ် ချက်နဲ့ လုပ်ဆောင်တာဖြစ် ကြောင်းကိုလည်း ရုရှားရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းနေပါတယ်။

တဆက်တည်းဆိုသလတိုဖင်လန်နိုင်ငံ တာကူူမြို့မှာ ဓားကိုင်လူတဦးက လူအုပ်ထဲကို ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ၂ဦး သေကာ ၆ဦး ဒဏ်ရာရရှိသွားပြီး၊ တိုက်ခိုက်မှုအတွက် မသင်္ကာဖွယ် ၁၈နှစ်အရွယ်ရှိ မော်ရိုကို တဦးကို ရဲက လိုက်လံရှာဖွေနေပါတယ်။ခုလိုမျိုး အကြမ်းဖက်မှုတွေဟာ ဥရောပနိုင်ငံတွေမှာ ဆက်တိုက်ဆိုသလိုဖြစ်နေတာလည်းဖြစ်ပါတယ်။မည့်သည့်ရယ်ရွယ်ချက်နဲ့ခုလိုလုပ်ဆောင်နေတာကို ဆိုတာကိုတော့ အကြမ်းဖက်အဖွဲ့အစည်းတွေက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိသေးပါဘူး

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က စပိန်နိုင်ငံ ဘာစီလိုနာမြို့က ကမ္ဘာလှည့် ခရီးသွားများ စည်ကားရာ အရပ်မှာ ဖီးယက်အမျိုး အစား အဖြူရောင် ဗင်ကားတစီးဟာ လူအုပ်ထဲကို ဝင်တိုက်တဲ့အတွက် လူ ၁၃ဦးသေဆုံးကာ ၁၀၀ ဒဏ်ရာရရှိသွားသလို၊ ဘာစီလိုနာနဲ့ မိုင်၆၀ ခန့်ကွာဝေးတဲ့ ကမ်ဘာရေးမြို့မှာ အကြမ်းဖက်သမားတွေ စုဝေးတဲ့အိမ်ကို ရဲတပ်ဖွဲ့က စီးနင်းခဲ့ပြီး အကြမ်းဖက်သမား ၅ဦးကို သုတ်သင်ခဲ့ပါတယ်။ဘာစီလိုုနာတိုက်ခိုက်မှုကို မော်ရိုကိုလူမျိုးတဦးက လုပ်ဆောင်တယ်လို့ သိရပါတယ်

Source - Ayarwaddy 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။