အနုပညာလောကရဲ့ ထိပ်တန်းမင်းသား မင်းသမီးတွေဖြစ်ကြသလို လူအများ ချစ်ခင်အားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတွေကတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ပဲဖြစ်ပါတယ်။ လက်မထပ်ခင်ကတည်း နှစ်ယောက်အတူသရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေမှာ ပရိသတ်အထူးအားပေးမှုကိုခံရတဲ့ သူတို့နှစ်ဦး လက်ထပ်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးအတွက်လည်း ပရိသတ်တွေက ရင်ခုန်စောင့်စားနေကြပါတယ်။

"ရင်ဘတ်ထားက ဓား" ဆိုတဲ့ ဇာတ်ကားကြီးမှာ နှစ်ဦးအတူ သရုပ်ဆောင်ထားပြီး ဝါရင့်မင်းသား မင်းသမီးကြီးတွေ ပါဝင်ထားတဲ့ ထိုဇာတ်ကားဟာ ပရိသတ်တွေ စောင့်စားနေရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း နမူနာထွက်ချိန်မှာပဲ အကယ်ဒမီ အူဝဲရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေ ကြား ပိုနာမည်ကြီးခဲ့ပြီး ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဝိုင်း ကိုယ်တိုင်က အူဝဲ အကယ်ဒမီရနိုင်တယ်ဆိုပြီး သုံးသပ်ဖြေဆိုထားပါသေးတယ်။

ခင်ပွန်းဖြစ်သူ ပြေတီဦးကလည်း "နေဝင် အိပ်တန်းတက်" "ရာဇဝင်ရိုင်းကြသူများ" စတဲ့ ဇာတ်လမ်း ဇာတ်အိမ်ကောင်းမွန်တဲ့ ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီ ရနိုင်ချေရှိပါတယ်။ လာမည့်အကယ်ဒမီ ပေးပွဲမှာ လင်မယားနှစ်ယောက် အပြိုင်အကယ်ဒမီဆုတွေ သိမ်းကြလေမလားဆိုပြီး ပရိသတ်ကြီးကတော့ ရင်ခုန်စာ မျှော်လင့်စောင့်စားနေကြပါတယ်။

Source: Myanmar Famous Star

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။