မြန်မာအားကစားဖွဲဲ့လိုက်ပါလာသောကားယဉ်မတော်တဆမှု

ဖြစ်ပွား

ဆီးဂိမ်းအိမ်ရှင်မလေးရှားရဲ့သတင်းတွေကတော့သင်းပါတယ်

ခင်ဗျာ။ ဘောလုံးကွင်းထဲကိုဝင်ခွင့်မရတဲ့ မြန်မာပရိသတ်တွေ၊

လေ့ကျင့်ရေးကွင်းရှိရာကိုကားမစီစဉ်ပေး

နိုင်လို့တက္ကစီဌားစီးရတဲ့ထိုင်းဖူဆယ်ကစားသမားတွေစသဖြင့်

အာဆီယံမီဒီယာတွေမှာအိမ်ရှင်မလေးရှားကတော့ယသတင်း

မွှေးနေပါတယ်။အင်ဒိုနီးရှားနိုင်ငံတော်အလံကိုဆီးဂိမ်အမှတ်တရစာအုပ်မှာ

ဇောက်ထိုးဆွဲထားပြီး၊ဘရူနိုင်းနိုင်ငံအလံကိုလည်း

မှားယွင်းဖော်ပြထားလို့တရားဝင်တောင်းပန်ခဲ့ရပြီးပါပြီ။

နောက်ပြီးကစားနည်းတွေမှာလည်း မလေးရှားအသင်း

တွေအသာစီးရအောင်ရေးဆွဲထားပြီးပြိုင်ပွဲယှဉ်ပြိုင်နေစဉ်

အတွင်းမှာလည်းညစ်တာတွေရှိနေပါတယ်။မနေ့ကဆို

အိမ်ရှင်မလေးရှားနဲ့ယှဉ်ပြိုင်ရတဲ့ခြင်းလုံးပွဲမှာ

ဒိုင်လူကြီးရဲ့အိမ်ရှင်အပေါ်အလေးသာတဲ့ဆုံးဖြတ်ချက်

တွေကြောင့်အင်ဒိုအမျိုးသမီးဟာပြိုင်ပွဲကိုဆက်လက်ယှဉ်

ပြိုင်ခြင်းမပြုဘဲထွက်ခွာသွားပါတယ်။

အခုလည်းမြန်မာSquashကစားသမားတွေပါတဲ့

ဘတ်စကားဟာယာဉ်မတော်ဆမှုဖြစ်ပွားခဲ့ပါတယ်။

ဘူကစ်ဂျာလီအားကစားကွင်းကို

သွားတဲ့အဲ့ဒီဘတ်စကားမှာ

ထိုင်းကဆယ်သုံးဦး၊ဖိလစ်ပိုင်ငါးဦးနဲ့မြန်မာကစားသမား

ဆယ်ယောက်လိုက်ပါစီးနင်းလာခဲ့ကြတာပါ။

မလေးရှားရဲတွေကတော့စည်းကမ်းမရှိတဲ့ဆိုင်ကယ်သမား

တွေကြောင့်လို့အကြောင်းပြချက်ပေးခဲ့ပေမယ့်ကစား

သမားတချို့ကတော့ဒဏ်ရာရရှိသွားခဲ့ပါပြီ။

မြန်မာsquashအသင်းအနေနဲ့ကတော့ပြိုင်ပွဲကိုဝင်ရောက်

ယှဉ်ပြိုင်တော့မှာမဟုတ်ဘူးလို့သိရပါတယ်။

photo - 7 days and CNA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။