ပြည်သူ့အချစ်တော် နိုင်ငံကျော်အဆိုတော်မလေး အိမ့်ချစ်ဟာ လာမယ့် နိုဝင်ဘာ(၃)ရက်နေ့ (တန်ဆောင်းမုန်းလပြည့်ည)တွင် ရန်ကုန် ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်မယ့် သူမရဲ့ One Lady Show အတွက် ကြော်ငြာပုံလေးတွေလုပ်ပေးဖို့ အစီအစဉ်လေးတစ်ခုကို ချစ်သောပရိသတ်တွေကို သူမရဲ့ Fb Page မှ တဆင့် တောင်းဆိုလိုက်ပါတယ်။ ကြော်ငြာပုံလေးတွေလုပ်လို့ရအောင် အချက်အလက်တွေကိုလည်း အခုလိုပြောပြထားပါတယ်။  

ကြော်ငြာပုံလေးတွေလုပ်လို့ရမယ့် အချက်အလက်များကတော့

Show ကို Beyond The Success လို့ အမည်ပေးထားပါတယ်။

ရက်ကတော့ 2017 ၊ November (3)ရက်နေ့ ဖြစ်ပြီး အချိန်ကတော့ 7 PM ၊

နေရာက ကန်တော်ကြီးမျှော်စင်ကျွန်း ၊ တီးခတ်ပေးမယ့် music band ကတော့ Hi Birt Music Band ဖြစ်ပြီး၊ စီစဉ်ကျင်းပပေးမှာကတော့ MEMC က ဖြစ်ပါတယ်။

ကိုယ်ပိုင်ဒီဇိုင်းလေးနဲ့ ကြော်ငြာပုံလေးတွေလုပ်ပြီးရင် ကိုယ့်Wall မှာတင်ပေးရမှာဖြစ်ပြီး တင်တဲ့ အခါ Public တင်ပေးရမှာပါနော်။ ပြီးရင် #EintChitOneLadyShow လို့ ရေးပြီးမှ တင်ပေးရမှာပါ။  

တင်ပြီးပြီးဆိုရင် SS ရိုက်ပြီး သူမရဲ့ Page ရှိ မူရင်း Post အောက်မှာ မန့်ပေးရမှာပါ။ ဒါမှ ချစ်ကသည်းလေးတို့ Wall ကိုလာကြည့်လို့ရမှာလေ.။ ပြီးရင် တစ်ပတ်တစ်ခါ သည်းလေးတို့ရဲ့ပုံလေးတွေကို အလှည့်ကျ page မှာ ပြန်တင်ပေးမှာပါ..။

Public တင်ပေးရမယ် ပြီးရင် #EintChitOneShow လို့ ရေးပေးရမယ်.. ပြီးရင် Screen Shot ရိုက်ပြီး မန့်တွေမှာ ပုံလေးတွေစောင့်နေမယ်နော် ဟု သူမရဲ့ Fb Page မှာ တောင်းဆိုထားပါတယ်။

ပရိသတ်ကြီးရေ… အိမ့်ချစ်လေးက သူရဲ့ချစ်သောပရိသတ်ကြီးကို အချစ်စမ်းတာပါတဲ့..။

ကဲ.. အခုပဲ စလိုက်ရအောင်နော်.. 

သတင်းအရင်းမြစ် Eint Chit ( page )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။