လတ်တလောမှာ ပရိသတ်ကြိုက်နှစ်သက်တဲ့ မင်းသမီးတွေအထဲမှာတော့ သရုပ်ဆောင်ပိုင်ဖြိုးသုလည်းပါဝင်ပါတယ်။သူမကိုတော့ ဗိုလ်အောင်ဒင် ရုပ်ရှင်ဇာတ်ကားဟာဆိုရင်ဖြင့် လူသိများခဲ့တယ်ဆိုလည်းမမှားပါဘူး။အဲဒီကားထဲမှာလည်း ချစ်စရာကောင်းတဲ့ အမူအရာတွေနဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်အကြိုက်တွေ့စေခဲ့တာပါ။အနုပညာပျိုးခင်းရဲ့စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ပိုင်ဖြိုးသုကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းရိုက်ကူးနေတယ်လို့သိရပါတယ်။နောက်ထပ်လည်း ကိုယ်တိုင်ဦးဆောင်ရိုက်ကူးဖို့ဇာတ်ကားတွေစီစဉ်နေတယ်လို့လဲသိရပါတယ်။

"ကိုယ်တိုင်ဦးဆောင်ပြီး ရိုက်ကူးဖို့စီစဉ်ထားတာ နှစ်ကားရှိပါတယ်။တစ်ကားက ဒါရိုက်တာ ကိုသားညီနဲ့ ရိုက်ဖို့စီစဉ်ထားပါတယ်။အဲဒီဇာတ်ကားလေးက ကျောင်းသား လူငယ်ဇာတ်လမ်းလေးပေါ့။တက္ကသိုလ်ကို ပြန်လွမ်းပြီး ရိုက်ကူးရမယ့်ဇာတ်ကားပေါ့။နောက် တစ်ကားကတော့ ဆရာမကြည်အေး ဝတ္တု ကို ဒါရိုက်တာ ကိုသားကြီးနဲ့ ရိုက်ကူးဖို့စီစဉ်ထားပါတယ်။ညီမကြိုက်တဲ့ ဇာတ်တွေပါ။ညီမကိုယ်တိုင်ပါဝင်သရုပ်ဆောင်မယ်။နောက်ပြီး တခြားActorကြီးတွေလည်း ပါဝင်ပါမယ်။အဲဒီလိုဇာတ်ကားတွေကိုတော့ Actorတွေကအစ ညီမကိုယ်တိုင်ပဲ လိုက်ဆက်သွယ်ရမယ်။ရိုက်ကူးခွင့်ရတဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းမှာတော့ ပရိသတ်အတွက် တာဝန်ကျေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ကိုယ်စွမ်း၊ဥဏ်စွမ်းရှိသလောက်အစွမ်းကုန်ကြိုးစားပြီး သရုပ်ဆောင်ပါ့မယ်"လို့ ပြောပါတယ်။

"ကိုယ်ပိုင်Actorအနေနဲ့ပဲ လုပ်ရတဲ့ဇာတ်ကားတွေက ကိုယ်သရုပ်ဆောင်မယ့်ကာရိုက်တာတစ်ခုပဲ စိတ်ထဲထည့်ရတယ်။ကိုယ်တိုင်ဦးဆောင်ရိုက်ကူးတဲ့ ဇာတ်ကားကြတော့ ညီမအတွက် Pressureပိုများတယ်။ကိုသားညီနဲ့ ဇာတ်ကားက ၉လပိုင်းလောက်ရိုက်ကူးဖြစ်မှာပါ။ကိုသားကြီးနဲ့ရိုက်ကူးမယ့် ဇာတ်ကားကတော့ ၁၁လပိုင်းလောက် ရိုက်ကူးဖို့စီစဉ်ထားပါတယ်"လို့သိရပါတယ်။

သတင်းအရင်းမြစ် ဇော်ဝင်းအောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။