ပရီးမီးယားလိဂ် ကလပ်ဖြစ်တဲ့ ဆွမ်ဆီးအသင်းဟာ ဟူးလ်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကလူကတ်ကို ပေါင် ၁၆ သန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေကဆိုခဲ့ပါတယ်။ဆွမ်းဆီးအသင်းဟာ သူတို့အသင်းရဲ့အားအထားရဆုံးကွင်းလယ်ကစားသမား ဆီဂတ်ဆန်က အဲဗာတန်အသင်းကို ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာကြောင့် ဆီဂတ်ဆန်နေရာမှာအစားထိုးဖို့ ကလူကတ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာလည်းဖြစ်ပါတယ်။

ကလူကပ်ဟာ ၂၀၁၅ ခုနှစ်က ချဲလ်စတာဖီးအသင်းကနေ ဟူးလ်းစီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလူကတ်ဟာ ယခုနှစ် ချန်ပီယံရှစ်မှာ ဟူးလ်စီးတီးအသင်းနဲ့အတူ ၃ ပွဲကစားထားပြီး ၁ ဂိုးဖန်တီးပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နှစ်နှစ်တာကာလအတွင်း ကလူကတ် ဟာ ဟူးလ်စီးတီးအသင်းနဲ့အတူ ပွဲပေါင်း ၈၁ ပွဲကစားပေးထားလျက်ရှိနေပြီး ၉ ဂိုးသွင်းယူထားကာ ၉ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဆွမ်ဆီးအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်နိုင်ပွဲရရှိထားခဲ့ခြင်းမရှိသေးပဲ ဆောက်သမ်တန်ကို အဝေးကွင်းမှာ သရေကစားနိုင်ခဲ့ပြီး မန်ယူအသင်းကိုတော့ အိမ်ကွင်းမှာ လေးဂိုးပြတ်နဲ့ရံှူးနိမ့်ထားခဲ့တာလည်းဖြစ်ပါတယ်။ဆွမ်ဆီးနည်းပြအနေနဲ့ လစ်လပ်နေတဲ့ကွင်းလယ်ကို ဖြည့်တင်ရန် ကလူကတ်ကို အသင်းထံအမြန်ဆုံးခေါ်ယူရန်လိုအပ်နေတာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းဟာ ကလူကတ်ကိုခေါ်ယူနိုင်ခဲ့ပါက ကွင်းလယ်မှာ မီဆာ + ကလူကတ် အတွဲကိုတွေ့မြင်ရမှာလည်းဖြစ်ပါတယ်။

Source - Football Transfer News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။