မနေ့ကအမေရိကန်ပြည်ထောင်စုတွင် အလုံစုံနေကြတ်ခြင်းဖြစ်ရပ်တခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ယင်းဖြစ်ပွားခြင်းဟာ အနှစ်၁၀၀အတွင်း ပထမဦးဆုံးအကြိမ် ကြုံတွေ့ခဲ့ ရသည့်ဖြစ်ရပ်လို့လဲသိရပါတယ်။ထိုဖြစ်ရပ်ကို နိုင်ငံတော်တော်များများနဲ့ လူသန်းပေါင်းများစွာက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြတယ်လို့လည်းသိရပါတယ်။လင်းလတ်နေတဲ့ နေမင်းကြီးဟာ မိနစ်အနည်းငယ်အတွင်းမှာဆိုရင်ဖြင့် လရောင်အပြည့်လွှမ်းမိုးပြီးအမှောင်အတိဖြစ်သွားကြောင်းလည်းသိရပါတယ်။ 

ဒီဖြစ်ရပ်ကြီးဟာ အမေရိကန်ပြည်ထောင်စုအတွင်း အနောက်ဘက် အော်ရီဂွန် ပြည်နယ်ကနေ အရှေ့ဘက် တောင်ကာရိုးလိုင်းနား ပြည်နယ်ထိ ဖြစ်ပျက်ခဲ့တယ်လို့လဲသိရပါတယ်။အရိပ်လွှမ်းမိုးမှုကြာမြင့်ချိန်ကတော့ စုစုပေါင်း တစ်နာရီခွဲခန့်လောက်ကြာမြင့်ခဲ့ပါတယ်။ဝါရှန်တန်ဒီစီမြို့တော်တွင်လည်း အလုံးစုံနေကြတ်ခြင်းကို အမေရိကန်သမ္မတ ထရမ့်နဲ့ သူရဲ့ဇနီး မလာနီယာ တို့ကလည်း အိမ်ဖြူတော်မှတဆင့် ကြည့်ရူ့ခဲ့တယ်လို့သိရပါတယ်။

“နေလုံးက ကုန်တော့မယ်၊ အရမ်းမှောင်လာပြီ လုံးဝဘာမှ နေက မရှိတော့သလောက် ပတ်ဝန်းကျင်တခုလုံးမှောင်နေပါပြီ ၊ လုံးဝနေမှောင်သွားပြီ။ အဝိုင်းပဲကျန်တော့တယ် စက်ဝိုင်းပဲကန်တယ်။ ပတ်ဝန်းကျင်တခုလုံး နေလည် ၂ နာရီ ၄၁ မိနစ်မှာဖြစ်နေတာ။ အခုအချိန်မှာ အပေါ်ကို မျက်မှန်မပါရင် မော့မကြည့်ပါနဲ့လို့ပြောထားပါတယ်။ အမှန်တကယ်တော့ အဝိုင်းလေးမှာပဲ နေဖြစ်နေတာပေါ့နော် အပြင်မျက်စိနဲ့ဆိုရင်တော့ နေဘက်ကိုကြည့်တာ လက်စွပ်လေးပတ်ပတ်လည်မှာ အရောင်တွေထွက်နေသလို နေကထွက်နေတယ်။ ကြယ်တွေဘာတွေကိုလည်း မြင်နေရပြီ။ အလယ်မှာအဝိုင်းကြီးနဲ့ ဘေးနားမှာအရောင်လေးတွေထွက်နေတာ လုံးဝအမှောင်ကျသွားတယ်။ ညဘက်မှောင်နေသလို အရမ်းကိုမှောင်နေတာ။ တဖြေးဖြေး လင်းလာပါပြီ။တဖြေးဖြေးနဲ့ အကွက်သေးသေးလေးကနေ လက်မခွံလေးလို အနားသားသေးသေးလေးကနေ တဖြေးဖြေးပြန်ကြီးလာပြီ။ ပြန်လင်းလာပြီ ရုတ်တရက်ကြီး အရမ်းမှောင်သွားရာကနေ ပြန်လင်းလာပါပြီ။”၂၀၁၉ခုနှစ်ဂျူလိုင်လ ၂ရက်နေ့မှာဆိုရင်လည်း ယခုကဲ့သို့ နေအလုံးစုံကြတ်မယ်လို့ လည်းသိပ္ပံပညာရှင်များကခန့်မှန်းထားပါတယ်။သို့သော်လည်း နောက်တစ်ကြိမ်နေကြတ်ခြင်းကတော့ ပစိဖိတ် တောင်ပိုင်း ဒေသ၊ ချီလီနဲ့ အာဂျင်တီးနား နိုင်ငံတွေမှာဖြစ်ပြီး မြင်တွေ့နိုင်မယ်လို့လည်းသိရပါတယ်။

သတင်းအရင်းမြစ် BBC Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။