သတင်းအရင်းမြစ်

Ki Hee Sun ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် အနုပညာရှင် သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ Ki Hee Sun က Song Hye Kyo ကို ချွေးမအလိမ္မာလေးတစ်ယောက်ဖြစ်လာနိုင်မယ့်အကြံဉာဏ်ကောင်းတွေပေးခဲ့ပါတယ်။ ဆောင်းဂျွန်ကီ တို့ မိသားစုအတွက် ဘယ်မင်္ဂလာလက်ဖွဲ့က အကောင်းဆုံးဖြစ်မလဲဆိုတာ ပြောပြခဲ့ပါတယ်။ 

ကိုရီးယား ရိုးရာဓလေ့မှာ သတို့သမီးဖြစ်သူမိန်းကလေးဘက်က သတို့သားအိမ်ကို မင်္ဂလာလက်ဖွဲ့ပေးပို့ရတာဖြစ်ပါတယ်။ ki hee sun က ဘယ်လိုမင်္ဂလာလက်ဖွဲ့ပို့မလဲ မေးတော့

ဆောင်းဟေဂိုက သတို့သားဘက်မှ မင်္ဂလာလက်ဖွဲ့ မတောင်းဆိုတာကြောင့် သူမအနေနဲ့ မင်္ဂလာလက်ဖွဲ့ပို့ပေးရန် မလိုကြောင်းပြန်ပြောခဲ့ပါတယ်။  

ဒါပေမယ့်လို့ Kim Hee Sun က မင်္ဂလာလက်ဖွဲ့နဲ့ ပတ်သက်ပြီး Song Hye Kyo ကို အခုလို အကြံပေးခဲ့ပါတယ်။ “ မင်္ဂလာလက်ဖွဲ့နဲ့ပတ်သက်ပြီး ရင်ထဲကလာတဲ့ ခံစားချက်အတိုင်းပေးတာကောင်းတယ်။ မင်္ဂလာလက်ဖွဲ့ဆိုတာ အဖိုးတန်ပြီးကြီးမားတဲ့ပစ္စည်းဖြစ်စရာ မလိုပါဘူး..သေးငယ်ပြီးရိုးရှင်းလှပတဲ့လက်ဖွဲ့လေးဆိုလည်း ရပါတယ်။ “ သူမက အကြံပြုထားပါတယ်။ 

သတင်းအရင်းမြစ် Song Hye Kyo Myanmar Fan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။