တရုပ်နိုင်ငံက အသက်၁၅နှစ်အရွယ်အမျိုးသမီးငယ်လေးတစ်ဦးဟာ အလုပ်ရှင်ရဲ့အပြစ်ပေးမှုကြောင့်အသက်သေဆုံးခဲ့ရတဲ့အထိဖြစ်သွားခဲ့တယ်လို့သိရပါတယ်။သူမဟာ အလုပ်ဆင်းချိန်အမြဲလိုလိုနောက်ကျသဖြင့် အလုပ်ရှင်ရဲ့အပြစ်ပေးခြင်းကို နေ့စဉ်နဲ့အမျှခံယူနေပြီး အပြစ်ပေးခံယူခြင်းဆယ်ရက်လောက်အကြာမှာပဲ သေဆုံးကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။

ဆယ်ကျော်သက် တရုပ်မလေးဟာ အလုပ်ကိုအမြဲလိုလို နောက်ကျစွာရောက်ရှိတယ်။အဲဒီအတွက်ကြောင့် သူမရဲ့အလုပ်ရှင်က သူမကို ထိုင်ထအခေါက်တစ်ရာလုပ်ပြီး အပြစ်ပေးလေ့ရှိပါတယ်။နေ့စဉ်နဲ့အမျှနောက်ကျလေ့ရှိတဲ့သူမဟာတော့ နေ့တိုင်းနီးပါး ထိုင်ထအကြေိမ်ရေပေါင်းများစွာကို ပြုလုပ်ခဲ့ရသဖြင့် အသက်ရူလမ်းကြောင်းဆိုင်ရာ ပြသာနာဖြစ်သွားခဲ့တယ်လို့သိရပါတယ်။အဲဒီမိန်းကလေးဟာ သူမဖခင်ကျန်းမာရေးအခြေအနေမကောင်းမှုကြောင့် ကျောင်းမှထွက်ခါ အလုပ်လုပ်နေရသူဖြစ်ကြောင်းသိရပါတယ်။အလုပ်မှရသော လုပ်အားခဖြင့် ဖခင်ကျန်းမာရေးအတွက် ဆေးဖိုးဝါးခ ထောက်ပံ့ပေးနေသူ

လည်းဖြစ်ပါတယ်။

ဆုံးသွားခဲ့တဲ့ မိန်းကလေးပေါ်အလုပ်ရှင်မှ လေ့ကျင့်ခန်းသဘောသဖွယ်ယခုလို ထိုင်ထပြုလုပ်ခိုင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။မိန်းကလေးဟာ ထိုင်ထပြုလိုပ်ခြင်းကြောင့် သူမရဲ့ခြေလက်တွေ မမြောက်နိုင်တော့ဘူး အကြောသေသလိုပါဖြစ်သွားခဲ့တယ်လို့သိရပါတယ်။အဲဒီအကြောင်းတွေကြောင့် ဆေးရုံတွင်ကုသမှုခံယူ ရင်းယခုကဲ့သို့အသက်ပါဆုံးရူံးခဲ့ရပါတယ်။မိန်းမပျိုလေးရဲ့ ဖခင်ကတော့ ဒီလိုထိုင်ထ လုပ်ခိုင်းခြင်းက ဆိုးရွှားတဲ့ အပြစ်ပေးခြင်းတစ်ရပ်သာဖြစ်တယ်လို့ ထွက်ဆိုထားခဲ့ပါတယ်။

သတင်းအရင်းမြစ် သစ္ထူးလြင္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။