ထိုင်းကိုအနိုင်ထိုးသွားတဲ့မြန်မာဘိလိယက်သူရဲကောင်းအားတီ

ဘိလိယက်နဲ့စနူကာအားကစားနည်းကနေရွှေဆုများစွာရဖို့

မျှော်လင့်နေကြတဲ့မြန်မာပရိသတ်တွေအတွက်ကတော့

ရွှေရောင်အိမ်မက်တွေတဖြည်းဖြည်းပုံပေါ်စပြုလာပြီ

လို့ပြောရပါမယ်။မနေ့ကနေ့လည်ပိုင်းကကစားသွားတဲ့

MEN English Billiards Doubleဆီးမီးဖိုင်နယ် မှာအောင်ဌေးနဲ့မင်းစည်သူထွန်းတို့ဟာဗီယက်နမ်ကစားသမားတွေကို 3:1နဲ့အနိုင်ရပြီးဖိုင်နယ်ကိုတက်သွားပါပြီ။

အောင်ဌေးနဲ့မင်းစည်သူထွန်းဟာလက်ရှိပြိုင်ပွဲရဲ့ချန်ပီယံဖြစ်ပြီး

ဒီနေ့ညနေမှာထိုင်းအသင်းနဲ့ချန်ပီယံကာကွယ်ပွဲကစားရမှာပါ။

နောက်အားကစားသမားတွေဖြစ်တဲ့အောင်ဖြိုးနဲ့ကိုထက်ဟာလည်းMen Snooker Doublesမှာဖိလစ်ပိုင်ကိုသုံးပွဲပြတ်နဲ့

အနိုင်ယူထားနိုင်ပြီးဆီမီးဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပါပြီ။

နောက်ထပ်တစ်ပွဲကတော့ခါးသီးပြိုင်ဘက်ထိုင်းအသင်းနဲ့

တွေ့ဆုံခဲ့တဲ့အားတီလို့နာမည်ပြောင်ခေါ်ကြတဲ့မောင်မောင်

အောင်မိုးသူတို့ရဲ့Men 9 Ball Pool Doublesပွဲပါပဲ။

အားတီဟာကမ္ဘာ့အဆင့်ရှိကစားသမားတစ်ယောက်ဖြစ်

ကြောင်းထိုင်းအသင်းနဲ့ပွဲမှာပြသသွားခဲ့ပါတယ်။

ကျွင်းထဲဝင်ဖို့မဖြစ်နိုင်လောက်တဲ့ဘိလိယက်ဘောလုံးတွေကို

လှလှပပထိုးချပြသွားနိုင်ခဲ့ပြီးပရိသတ်တွေဟာကနဲဟင်ခနဲ

ပါပဲ။အောင်မိုးသူကိုတော့အားတီအကောင်းဆုံးတွဲခေါ်သွားခဲ့ပြီး

ခါးသီးပြိုင်ဘက်ထိုင်းအသင်းကိုအကြိတ််အနယ်ကစားပြီး 9-7နဲ့

အနိုင်ရရှိပြီးဆီမီးဖိုင်နယ်တက်ရောက်သွားခဲ့ပါတယ်။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။