လာဇီယိုအသင်းရဲ့နောက်တန်းကစားသမားဖြစ်တဲ့ဟိုဒက်ကို ဆောက်သမ်တန်အသင်းက ယူရို ၁၆.၄ သန်းနဲ့ ၅ နှစ်စာချူပ် ချူပ်ဆိုပြီးခေါ်ယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဆောက်သမ်တန်နည်းပြပယ်လီဂရီနိုဟာ ယခုနှစ်ရာသီမှာ ကစားသမားလေးယောက်ကို ခေါ်ယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဆောက်သမ်တန်နောက်ခံကစားသမား ဗန်ဒိုက်ဟာ အသင်းကနေထွက်ခွာသွားမဲ့အခြေအနေဖြစ်နေခဲ့တာကြောင့် ဆောက်သမ်တန်အသင်းကတော့ နောက်ခံကစားသမားနှစ်ဦးကို ခေါ်ယူထားတာလည်းဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ဟိုဒက်ဟာ ၂၀၁၅ ခုနှစ်ကနယ်သာလန်ကလပ် အယ်ခမာအသင်းကနေ လာဇီယိုအသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ဟိုဒက်ဟာ လာဇီယိုအသင်းအတွက် ပွဲပေါင်း ၆၁ ပွဲကစားပေးထားခဲ့ပြီး ၄ ဂိုးသွင်းနိုင်ခဲ့ကာ ၁ ဂိုးလည်းဖန်တီးပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် လာဇီယိုအသင်းနဲ့အတူ အီတလီ super cup ကိုလည်း ဂျူဗင်တပ်အသင်းကို အနိုင်ယူပြီး ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ဂျူဗင်တပ်အသင်းကစားသမား လာမီနာကိုလည်းခေါ်ယူထားတာဖြစ်ပြီး နောက်ဆုံးခေါ်ယူမှုတစ်ခုအဖြစ် ဟိုဒက်ကို ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဆောက်သမ်တန်အသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၂ ပွဲကတော့ ရံှူးပွဲမရှိသေးပဲ တစ်ပွဲသရေ တစ်ပွဲနိုင် ရလဒ်ကို ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ဟိုဒက်ဟာ ဆောက်သမ်တန်အသင်းမှာ ကျောနံပါတ် ၆ ကို ဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။ဆောက်သမ်တန်အသင်းဟာ ဒီနေ့မှာ ဝုဗ်အသင်းနဲ့ EFL CUP ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

source - football transfer news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။