အဆိုတော်အမွန်းကလည်း ပရိသတ်တွေအတွက် အနုပညာဖန်တီးမှုအသစ်တွေ ပြုလုပ်လျှက်ရှိပါတယ်။သူမရဲ့သီချင်းတွေက ပရိသတ်တွေမြူးကြွစေတယ် ပြီးတော့ သီချင်းပုံစံတွေက ခက်ဆန်းဆန်းလေးတွေဖြစ်နေတော့ လူငယ်အကြိုက်များလာပါတယ်။သူမကတော့ သီချင်းအဆိုတင်မကပါဘူး အကပါတွဲဖက်ပြီး ဖျော်ဖြေမှုတွေဟာ ပရိသတ်အားပေးမှု အခိုင်အမာရရှိစေပါတယ်။ယခုအခါမှာတော့ သူမက အယ်လ်ဘမ်အသစ်အတွက်ပြင်ဆင်နေတယ်လို့သိရပါတယ်။ 

‘သီချင်းအသစ်တွေ အသံသွင်းနေ တယ်၊ ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေလဲ ပါပါတယ်၊ အခွေထဲမှာ မြန်မာသံစဉ်သီချင်းနဲ့ အင်္ဂလိပ်သီချင်းနှစ်မျိုးလုံးပါ မယ်၊ အင်္ဂလိပ်သီချင်းကိုမှ အစအဆုံးကိုယ်တိုင်ရေးထားတာတွေလဲ ရှိပါ တယ်၊ မြူးဇစ်ဗီဒီယိုကိုလဲ လုပ်ဖို့ စဉ်းစားထားပါတယ်၊ အဓိကသီချင်းသစ်တွေဖြစ်တဲ့အတွက် ပရိသတ်ကို အကောင်းဆုံးချ ပြနိုင်ဖို့ ပြင်ဆင်နေပါတယ်၊ပြည်ပကို အနုပညာဂီတပိုင်းနဲ့ ပတ်သက်ပြီး ထိုးဖောက်ဖို့က ဘဝအတွက် အကြီးမားဆုံးသော အိပ်မက်တစ်ခုလို့ ပြော ပါတယ်။ ပြည်ပကို ထိုးဖောက်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့က ကိုယ်တိုင်က ဝမ်းစာပြည့်ဝနေ ရမှာဖြစ်တဲ့အတွက် တကယ်တမ်းမှာ အရမ်းလွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်ဘူးလို့ ပြောပါ တယ်။ နိုင်ငံတကာက လက်ရှိ သူတို့တွေရဲ့ နည်းပညာ၊ အရည်အချင်းတွေက ကိုယ့်နိုင်ငံထက် မြင့်မားနေတာဖြစ်တဲ့အတွက် သူတို့တွေရဲ့ ဈေးကွက်ကိုထိုးဖောက်ဖို့ဆိုတာ ကိုယ့် ဘကက အများကြီး ကြိုးစားရမှာဖြစ် တယ် လို့ သိရပါတယ်။

“ကိုယ်တိုင်က နိုင်ငံတကာထိုး ဖောက်ဖို့ ဘာတွေလိုအပ်လဲဆိုတော့ နိုင်ငံတကာ အနုပညာရှင်တွေလဲ ပရိုဒတ်ရှင်းကောင်းကောင်းနဲ့ ချိတ်ဆက်မိမှ သူတို့အနေနဲ့လဲ ကောင်းတဲ့ အနု ပညာတစ်ခုကို ဖန်တီးနိုင်တာပါ၊ အရည်အ ချင်းအရမ်းရှိတဲ့ သူနဲ့ အမွန်း LA မှာ ကြုံခဲ့ဖူးပါတယ်၊ တချို့ အဆိုတော်တွေက အသံတွေ အရမ်းကောင်းသလို ရုပ်တွေလဲ အရမ်းချောတာတွေ့ရတယ်၊ ဒါပေမဲ့ သူတို့ ကို ပံ့ပိုးမယ့်သူမရှိရင် သူတို့လဲ ဖြစ်လာဖို့မလွယ်ပါဘူး၊ အနုပညာလောကကြီးက တကယ်ကို ဇွဲ၊  စိတ်ဓာတ်အင်အား၊ လူအင်အား၊ အရည်အချင်းရော အားလုံးဖြည့်နိုင်မှ မလျှော့နိုင်မှ သာ ဒါမျိုးအောင်မြင်မှုတွေက ရမှာပါ၊ အနုပညာလောကက အရမ်းကို ပင်ပန်းပါတယ်၊ပရိသတ်က အကနဲ့အဆို တွဲဖက်တာမျိုးတွေကို မကြိုက်တဲ့သူတွေရှိပေမဲ့လည်း ကိုယ့်ရဲ့ အားပေးနေတဲ့ ပရိသတ်အတွက် အကောင်းဆုံး ဖန်တီးလုပ်ဆောင်မှာ ဖြစ်တယ်လို့ အမွန်းက ဆိုပါတယ်။

သတင်းအရင်းမြစ် Ah Moon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။