မန်ယူအသင်းဟာ ဗလင်စီယာအသင်းရဲ့နောက်တန်းကစားသမားဂါရေးကို ခေါ်ယူရန်စောင့်ကြည့်နေခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်က လာလီဂါအဖွင့်ပွဲဖြစ်တဲ့ ဗလင်စီယာအသင်းနဲ့ လက်ပါးမားစ် အသင်းတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲကို မန်ယူကင်းထောက်များက သွားရောက်ကြည့်ခဲ့ပြီး ဂါရေးရဲ့ ခြေစွမ်းအကဲခတ်ခဲ့ကြပါတယ်။ဗလင်စီယာအသင်းဟာ ထိုပွဲမှာ လက်ပါးမားစ် အသင်းကို ၁ ဂိုး ဝဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဂါရေးကို မန်ယူအသင်းတစ်သင်းတည်း စိတ်ဝင်စားလာခဲ့တာမဟုတ်ပဲ စပါးအသင်း ကလည်းစိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ဂါရေးကိုခေါ်ယူဖို့ ဂျူဗင်တပ်အသင်းနဲ့ ဘင်ဖီကာအသင်းက ခေါ်ယူရန်လည်း ချိတ်ဆက်လာခဲ့ပြီ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီက ဗလင်စီယာအသင်းမှာ ဂါရေးဟာ မန်ဂါလာနဲ့တွဲဖက်ပြီး နောက်တန်းမှာ ခြေစွမ်းပြဖျက်ထုတ်နိုင်မှုတွေပြုလုပ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မန်ဂါလာဟာ အငှါးစာချူပ်ပြည့်သွားတာကြောင့် ဗလင်စီယာအသင်းက အသစ်ခေါ်ယူထားတဲ့ ဂါဘရီရယ် နဲ့ ယခုနှစ်ရာသီမှာတွဲဖက်ကစားသွားမှာလည်းဖြစ်ပါတယ်

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဂါရေးဟာ ပြီးခဲ့တဲ့ရာသီကမှ ဇင်းနစ်အသင်းကနေ ဗလင်စီယာအသင်းကို ယူရို ၂၄ သန်းနဲ့ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ဗလင်စီယာအသင်းအတွက် ၂၉ ပွဲကစားပေးထားပြီး ၃ ဂိုးသွင်းယူထားပေးနိုင်ခဲ့ပါတယ်။မန်ယူအသင်းဟာ ယခုနှစ်ရာသီမှာ နောက်ခံလူ လင်ဒီလော့ကို ဝယ်ယူထားခဲ့သော်လည်း အသင်းနဲ့ အံဝင်ကွင်ကျမဖြစ်သေးတာကြောင့် နည်းပြမော်ရင်ဟိုက ပွဲထွက်ခွင့်ပေးအုံးမှာမဟုတ်သေးဘူးလို့ ပြောထားခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် နောက်တန်းကစားသမားတစ်ဦးဖြစ်တဲ့ ဂါရေးကိုခေါ်ယူဖို့ ဦးတည်လာခဲ့တာလည်းဖြစ်ပါတယ်။

source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။