ပရိသတ်ကြီးရေ သရုပ်ဆောင်ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေကို 

စိတ်အားထက်သန်စွာ ဆောင်ရွက်ဖြစ်နေပြီး သူမရဲ ့ခိုင်နှင်းဝေ ပရဟိတ

အသင်းနဲ ့အတူ လိုအပ်တဲ့ နေရာလေးတွေမှာ သွားရောက်လှူဒါန်းဖြစ်တာကို 

တွေ ့ရပါတယ်။ ခိုင်နှင်းဝေဟာ ဒီနေ ့မှာလည်း အလှူရှင်များက

ဆက်သွယ်ပြီးလှူဒါန်းထားတဲ့ ပစ္စည်းလေးတွေကို လှည်းကူး ဘားလားကြီးကျေးရွာက မေတ္တာမွန်ကျောင်းမှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။

အခုလိုမျိုး အလှူပြုလုပ်ရင်းနဲ ့မထင်မှတ်ဘဲ Myanmar Idol အဆိုပြိုင်ပွဲဝင် ပိုးမီတို ့

အဖွဲ ့နဲ ့တွေ ့ဆုံဖြစ်ခဲ့တဲ့အကြောင်းကိုတော့

“မေတ္တာမွန်ကျောင်းမှကလေးတွေအတွက် အလှူရှင်များလှူဒါန်း

ထားတဲ့ ဖိနပ်၊ ကျောပိုးအိတ်၊ အအေးဗူးနဲ့မုန့်များ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

မထင်မှတ်ပဲ ညီမလေးပိုးမီတို့အဖွဲ့နဲ့ တွေ့တော့ပျော်စရာပိုကောင်းသွားတာပေါ့”လို ့ပြောခဲ့ပါတယ်။

ပိုးမီဟာ Myanmar Idol အဆိုပြိုင်ပွဲမှာ ဆုမရရှိခဲ့ပေမယ့်

ပရိသတ်အသိအမှတ်ပြုခြင်းကို ခံခဲ့ရတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပါတယ်။ ပိုးမီဟာလည်း

ပရဟိတအလုပ်တွေကို ဆောင်ရွက်ဖြစ်နေသူမို ့အခုလိုမျိုး အနုပညာရှင်ညီအစ်မနှစ်ယောက်ဟာ မထင်မှတ်ဘဲ တွေ ့ဆုံရင်းနဲ ့ အလှူအတန်းကိုအတူပြုလုပ်ဖြစ်ခဲ့ကြပါတယ်။ တကယ်ကိုလိုအပ်နေတဲ့နေရာလေးမှာသွားရောက်လှူဒါန်းခဲ့ကြတဲ့

ခိုင်နှင်းဝေနဲ ့ပိုးမီတို ့အဖွဲ ့ရဲ ့ကြည်နူးဖွယ်ပုံရိပ်လေးတွေကို ပရိသတ်ကြီးက

အခုလိုပဲတွေ ့မြင်နိုင်ပါတယ်။

သတင်းအရင်းမြစ် Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။