မိခင်ရယ်လို့ဖြစ်လာရင် စားကောင်းခြင်း၊အိပ်ကောင်းခြင်း၊လွတ်လပ်ချိန်ဆိုတာ မရှိသလောက်ရှားသွားပါပြီး။ အဘယ်ကြောင့်ဆိုသော် သားသမီးအပေါ်ထားရှိတဲ့ မိခင်မေတ္တာတရားကြောင့် ချစ်ခင် စောင့်ရှောက် စိုးရိမ်သတိပြု စောင့်ကြည့်လေ့လာ ဖြည့်စွက်တမ်းတအဖော်ပြု နေရလို့ပါ။တစ်ကမ္ဘာလုံးက မိခင်တိုင်းမိခင်တိုင်း အဲ့လို ရှင်သန်ရင်း သားသမီးအတွက် ပေးဆပ်ရင်နဲ့ပေးဆပ်သူတို့အချစ်မှာပျော်မွှေ့လေ့ ရှိပါတယ်။ ဖခင်ဆိုရင်လည်း ရယူခြင်းမရှိ ပေးဆပ်ခြင်းနဲ့အညီ သားသမီးပေါ် ဂရုတစိုက်စောင့်ရှောက်ရင်း ဘဝကို အချိန်ကုန်လွယ်စေပါတယ်။

ဒီတစ်ခေါက် ဒီစာလေးက တစ်ကမ္ဘာလုံးက မိခင်တွေရဲ့ နေ့စဉ်ဘဝနဲ့ယှဉ်ရင် စကားလုံးအင်အား အင်မတန်မှအားနည်းလှပါတယ်။ဒီထက်ပိုတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ မိဘတိုင်း သားသမီးအပေါ် ပေးဆပ်သူတို့ချစ်ခြင်းနဲ့ ရင်းနှီးကျွမ်းဝင်ကြပါတယ်။ ဒါပေမယ့် သူတို့မျက်နှာမှာတော့ အပြုံးလေးတွေနဲ့ပြည့်နှက်နေပါတယ်။ အဲ့အတွေးလေးကတော့ ဆုပန်ထွာ ရေးသားထားတဲ့ စာလေးကနေတစ်ဆင့် တွေးမိတာလေးပါ။ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဆုပန်ထွာက အောက်ပါအတိုင်းရေးသားထားပါတယ်။

“23.8.2017

သူ့ကိုထိန်းရတာပျော်နေတတ်တဲ့စိတ်ကလေး !

အမေတစ်ယောက်အနေနဲ့သူ့ကိုလုပ်ပေးရမှာတွေအများကြီး။ မနက်မိုးလင်းလို့သူနိုးတာနဲ့ Breakfast ကျွေး၊ သူနဲ့ခြံထဲဆင်းမျောက်ရှူံးအောင်ဆော့၊ ပီးတော့ထမင်းစားချိန်ထမင်းကျွေး၊ ရေမိုးချိုးပေး၊ ထမင်းဖြူလေးထပ်ကျွေးတော့စားပြန်ရော (ကြိုက်သလောက်စားဒီအမေကျေနပ်တယ်လေ)၊ စားပီးသူ့အိပ်ချိန်။ အိပ်နေတာလက်စုပ်နေလို့ နို့ တိုက်တာ 180 CC သောက်တယ်။ သူ့အဖေဆီလည်း သူ့သားလုပ်တာတွေအားလုံး video တွေ၊ဓာတ်ပုံတွေပို့ရတာလည်း အလုပ်တစ်လုပ်။

သူကျန်းမာနေဖို့၊ ပျော်နေဖို့၊ အစားများများစားဖို့၊ ဒါတွေအားလုံးအိမ်မှာရှိနေတဲ့အချိန်လေး ပီတိများစွာနဲ့လုပ်ပေးနေရတာပျော်စရာကောင်းတဲ့စိတ်ကလေးဖြစ်မိတာနဲ့အမှတ်တရလေးရေးထားချင်တာလေ။❤

ရှူးတိုးတိုး........ "မာမီ့အချစ်ကလေး အိပ်နေတယ်"”မိခင်တစ်ယောက်ရဲ့ ခံစားချက် ပီတီအပြံုးကို စာဖတ်သူတွေ မျှဝေခံစားရင် ကြည်နူးနိုင်ဖို့ တစ်ဆင့်ဖော်ပြလိုက်ပါတယ်။ မိခင်စိတ်ကိုခံစားမိရင်..ဒီစာဖတ်ရင်…အမေ့ကို သတိရမိရင်…တစ်ခုခုတော့မန့်ခဲ့နော်…

Aung

သတင်းအရင်းမြစ် ဆုပန်ထွာဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။