ချဲလ်ဆီးအသင်းရဲ့တစ်ချိန်ကတိုက်စစ်မှူးဖြစ်တဲ့ ဒရော့ဘာဟာ ချဲလ်ဆီးအသင်းရဲ့အိမ်ကွင်းစတန့်ဖို့ဘရစ် ကို အလည်တစ်ခေါက်ပြန်လည်ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းပရိတ်သတ်တွေရဲ့ ဘယ်တော့မှ မမေ့နိုင်တဲ့ ဘုရင်တစ်ပါးဆိုလည်းမမှားပါဘူး။ချဲလ်ဆီးအသင်းနဲ့အောင်မြင်မှုများစွာပိုင်ဆိုင်ထားနိုင်ခဲ့ပြီးနည်းပြဟောင်းမော်ရင်ဟိုနဲ့အတိုင်အဖောက်အတွဲညီစွာနဲ့ ချဲလ်ဆီးအသင်းကို နေရာတစ်နေရာရအောင် ပုံဖော်ပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒရော့ဘာဟာ ချဲလ်ဆီးအသင်းကစားသမားတွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး မိုရာတာ ဟာ ဒရော့ဘာနဲ့တွေ့ဆုံုပြီး ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။နောက်ထပ်ကစားသမားအသစ်ဖြစ်တဲ့ ရူဒီဂါက လည်း ဒရော့ဘာနဲ့ တွေ့ဆုံပြီး သူ့ရဲ့အကောင့်မှာ ပုံတင်ခဲ့ပါသေးတယ်။ချဲလ်ဆီးအသင်းရဲ့နောက်တန်းကစားသမားဖြစ်တဲ့အယ်ပလီကွီတာနဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။ဒါ့အပြင် ဟာဇတ် ၊ကန်တေ ၊ ဘာကာယိုကို စတဲ့ကစားသမားတွေနဲ့ တွေ့ဆုံခဲ့ပြီး သူရဲ့အိမ်အပြန်အလည် ခရီးဟာ နွေးထွေးမှုတွေနဲ့ ဆီးကြိုနေတာလည်းဖြစ်ပါတယ်။

ဒရော့ဘာဟာ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။တစ်ခြားအောင်မြင်မှုတွေအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူထားနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။အက်အေဖလား ၄ ကြိမ်ကို ရယူထားနိုင်ခဲ့ပြီး ကားလင်းဖလား ကိုလည်း ၃ ကြိမ် ရယူပေးထားနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ဒရော့ဘာဟာ ချဲလ်ဆီးအသင်းမှာ ပွဲပေါင်း ၃၈၉ ပွဲကစားပေးထားခဲ့တာဖြစ်ပြီး ဂိုးပေါင်း ၁၇၀ သွင်းယူနိုင်ခဲ့ကာ ၈၈ ဂိုးဖန်တီးပေးထားနိုင်တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းပရိတ်သတ်တွေရဲ့ဘယ်တော့မှမမေ့ရနိုင်တဲ့ ဘုရင်တစ်ပါးအဖြစ်ဆက်လက်ရှိနေမှာလည်းဖြစ်ပါတယ်။

source - chelsea football club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။