၂၀၁၇-၁၈ အင်္ဂလန် ပရီးမီးယားလိဂ်ပွဲတွေကတော့ ကစားနေပြီဖြစ်ပါတယ်။ အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုင်တက်ကတော့ လက်ရှိအချိန်မှာ ဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် ၂ပွဲကစားပြီးချိန်မှာ ရမှတ် ၆မှတ် ရရှိထားပါတယ်။ ဒါ့အပြင် တိုက်စစ်ကခြေစွမ်းပြမှုနှင့်အတူ ရဂိုးက၈ဂိုးထိရရှိထားကာ ပေးဂီုး လုံးဝ မရှိသေးပါဘူး။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တတ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ က ယခုနှစ် ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင် ခြေ ရှိကြောင်းနဲ့ ယူနိုက်တတ် ဟာ ပြိုင် ဘက်တွေကို စိုးထိတ် စရာအ ကြောင်းမရှိကြောင်း ပြောဆိုသွားခဲ့ပါ တယ် ။ “ကျွန်တော်တို့ အသင်းဟာ ဘယ်ပြိုင် ဘက် ကို မှ ကြောက် ရွံ့စရာအ ကြောင်းမရှိပါဘူး” လို့ ပေါ့ဘာကဆိုခဲ့တာပါ။  

မန်ချက်စတာယူနိုက်တတ် ဟာ ယခုနှစ် ရာသီ အဖွင့် ၂ ပွဲစလုံးကို ၄ ဂိုးပြတ် အနိုင် ကစားထားခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင် ခဲ့ပါတယ် ။ ယူနိုက်တတ် တို့ဟာ ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက် ပိုင်းမှာ ပရီးမီးယားလိဂ် အမှတ်ပေးချန် ပီယံဆုကို မရယူနိုင် တော့ပဲ အမြင့်ဆုံးအဖြစ် အဆင့် ၄ နေရာသာ ရယူနိုင် ခဲ့ပါတယ် ။ ဒါပေမယ့် ပေါ့ဘာက တော့ ယခုနှစ် မှာ ယူနိုက်တတ် ဟာ ပရီးမီးယားလိဂ် သရဖူ ကို တစ် ကျော့ပြန် ကိုင် မြောက် ဖို့ အဆင် သင့်ဖြစ် နေပြီလို့ ယုံကြည်ကြောင်း ပြောဆိုသွားခဲ့့ပါတယ် ။“ရာသီအစ ကို ဒီလိုပုံစံမျိုးနဲ့ စတင် နိုင် ခဲ့လို့ ကျွန်တော် ၀မ်းသာမိပါတယ် ။ ဒါပေမယ့် ဘောလုံးရာသီက မပြီး ဆုံးသေးပါဘူး” ပေါ့ဘာက ဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ပေါ့ဘာက ဆက်လက်ြ့ပီး “အခုမှ ရာသီအစပဲ ရှိပါသေးတယ် ။ ကျွန်တော်တို့အတွက် အကြီးမားဆုံးသော ပြိုင် ဘက် က ကျွန်တော်တို့ကိုယ် တိုင် ပါပဲ ။ ကိုယ် ဘာလုပ်နေတယ် ဆိုတာကို သ ဘောပေါက်ပြီး ကိုယ့်အသင်းကိုပဲ ကိုယ်ပြန်ကြည့် ရမှာပါ ။ ဒီလိဂ် ထဲက ဘယ် အသင်းကို မှ ကျွန်တော်တို့ စိုးရိမ်ကြောက် ရွံ့နေစရာမလိုပါဘူး ။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ဟာ စုဖွဲ့မှုအားကောင်းပြီး တောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်နေလို့ပါပဲ ။ ဒီရာသီမှာ အောင်မြင် မှုတွေဆီ ချီတက် သွားနိုင် မယ် လို့ ကျွန်တော် ယုံကြည် ပါတယ်” လို့ ပေါ့ဘာ က ESPN သတင်းဌာနကိုပြောဆိုသွားခဲ့ပါတယ် ။ ပေါ့ဘာက ဆက် လက်ပြီး “ကျွန်တော်တို့ အဖွင့်လှခဲ့ပါပီ ။ အဆုံးသတ် ကိုတော့ မဆိုးချင် ပါဘူး ။ ဒါကြောင့် တစ် ပွဲချင်း တစ် ပွဲ မှာ အ ကောင်းဆုံး ရလဒ် တွေရ အောင် ကြိုးစားအားထုတ်သွားရမှာပါ” လို့လည်း ပေါ့ဘာက ပြောဆို သွားခဲ့ပါတယ် ။

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။