အခုခေတ်ကာလမှာ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများသည် တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေဖြစ်တဲ့ သက်ငယ်မုဒိန်းမှုတွေဟာ အဆိုးဝါးဆုံးဖြစ်ရပ်တစ်ခုပါပဲ။ အခုနောက်ပိုင်းပိုပြီးဆိုးဝါးတာက အရွယ်မရောက်သေးတဲ့ ကလေးငယ်(ယောကျာၤးလေး) ကနေ အရွယ်မရောက်သေးတဲ့ မိန်းကလေးကလေးငယ်များတွေကို အဓမ္မပြုကျင့်မှုတွေက မယုံနိုင်စရာပါပဲ။ အခု ဗြိတိန်နိုင်ငံတွင် အစ်ကိုဖြစ်သူမှ ညီမဖြစ်သူကို ဆော့ကစားနေစဉ် အကြိမ်ကြိမ်အဓမ္မ ပြုကျင့်မှုဖြစ်ပွားခဲ့သည်။  

အစ်ကိုဖြစ်သူက အသက်(၁၃)နှစ်အရွယ်ကျောင်းသားဖြစ်ပြီး ညီမဖြစ်သူက လက်ရှိ(၅)နှစ်ဖြစ်ပါတယ်။ သူမအသက် (၄) အရွယ်မှာကတည်းက အစ်ကို ဖြစ်သူရဲ့ အဓမ္မပြုကျင့်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဖအေတူ၊ မအေကွဲ မောင်နှမတွေဖြစ်ပြီး အစ်ကိုဖြစ်သူက ညီမနှင့်အတူ တူတူပုန်းတမ်းကစားတဲ့အခါတိုင်း သူမကြိုက်တဲ့ သကြားလုံးကျွေးပြီး ချော့မော့ကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ သူမရဲ့ အဖြစ်အပျက်တွေကို မိခင်ဖြစ်သူကို ပြန်ပြောပြခဲ့ရာကနေ အမှုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ 

“ သမီးက မာမီ့ကို ပြောစရာ တစ်ခုရှိတယ်လို့ စပြောခဲ့တာပါ။ သူကပုံမှန်ဆိုခုလိုပြောလေ့ရှိတဲ့ ကလေးမဟုတ်ပါဘူး။ သူပြောခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ တကယ့်ကို သူမအတွက်အရေးကြီးလို့ ပြောချင်ခဲ့တာလေ။ သူက သကြားလုံးကြိုက်တယ်။ ဒါပေမယ့်ခုလိုလုပ်ခံရတာကိုတော့ မကြိုက်ဘူး။ ကျွန်မကိုပြန်မတိုင်ဖို့ သမီးကို သကြားလုံးနဲ့ ချော့မော့ပြီး ကျူးလွန်ခဲ့တာပါ” ဟု မိခင်ဖြစ်သူက မျက်ရည်အဝိုင်းသားနဲ့ ပြန်လည်ပြောပြခဲ့ပါတယ်။ အစ်ကိုဖြစ်သူကောင်လေးရဲ့ လက်ကိုင်ဖုန်းတွင် ညစ်ညမ်းဗွီဒီယိုများကိုလည်း စစ်ဆေးတွေ့ရှိရပါတယ်။ အစ်ကိုဖြစ်သူကို ဘရိုက်တ်တန်လူငယ်တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပြီး အရွယ်မရောက်သေးသူကို အဓမ္မပြုကျင့်မှုနဲ့ နောက်ထပ်တရားရုံးတစ်ခုကို လွဲှပြောင်းပေးမှာဖြစ်ကြောင်း သိရှိရသည်။ 

သတင်းအရင်းမြစ် DVB TV News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။