ချန်ပီယံလိဂ်ပွဲစဉ်တစ်လျှောက်အကောင်းဆုံးရရှိခဲ့တဲ့ဆုကို UEFAက ရွေးချယ်ပေးအပ်ခဲ့ရာ စီရော်နယ်ဒိုဟာ ပြိုင်ဘက်တွေဖြစ်ကြတဲ့ မက်ဆီ၊ ဘူဖွနိတို့ကိုဖြတ်ကျော်ပြီး ဒီဆုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် UEFA ကချီးမြင့်တဲ့ အကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုတော့ နယ်သာလန်နိုင်ငံသူ မာတင်က ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် UEFA က ချန်ပီယံလိဂ်ပွဲစဉ်တစ်လျှောက် နေရာလိုက်အကောင်းဆုံးဆုကိုလည်း ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။

နေရာလိုက်အကောင်းဆုံးဆုများ

အကောင်းဆုံးဂိုးသမားဆုကိုတော့ ဘူဖွန်ကသိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

အကောင်းဆုံး နောက်တန်းကစားသမားဆုကိုတော့ ရာမို့စ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင်အကောင်းဆုံးကွင်းလယ်ကစားသမားဆုကိုလည်း မိုဒရစ်က ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အကောင်းဆုံးတိုက်စစ်ကစားသမားဆုကိုတော့ စီရော်နယ်ဒိုကရရှိခဲ့တာလည်းဖြစ်ပါတယ်။ရော်နယ်ဒိုဟာ  အကောင်းဆုံးကစားသမားဆုပါ  ရရှိခဲ့တာကြောင့် နှစ်ဆုရရှိခဲ့တာလည်းဖြစ်ပါတယ်။

Source - UEFA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။