အာဆင်နယ်နဲ့မန္တလေးဘယ်သူနိုင်မလဲ

အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့

ထိုင်းနဲ့ဗီယက်နမ်မှာအာဆင်နယ်အသင်းဟာ

ဘောလုံးအကယ်ဒမီတွေလာရောက်ဖွင့်လှစ်ထားပါတယ်။

JMGအကယ်ဒမီလို့ခေါ်ကြတဲ့အာဆင်နယ်ဘောလုံး

သင်တန်းကျောင်းဟာ ထိုင်းမှာ 2005ခုနှစ်ကစတင်

ဖွင့်လှစ်ပါတယ်။ဗီယက်နမ်မှာတော့2007ခုနှစ်မှာ

စတင်ပါတယ်။သင်တန်းကျောင်းနေရာကွဲပေမယ့်

ဆရာတွေသင်ကြားပုံနည်းစနစ်တွေအတူတူပါပဲ။

သင်တန်းသားကလေးငယ်တွေကလည်း

အကယ်ဒမီအချင်းချင်းခြေစမ်းပွဲ

မကြာခဏကစားနေကြတာမို့တစ်ယောက်နဲ့တစ်ယောက်

ရင်းနှီးကြပါတယ်။

မနေ့ကထိုင်းနဲ့ဗီယက်နမ်ပွဲမှာဆိုရင်နှစ်သင်းစလုံးမှာ

အာဆင်နယ်အကယ်ဒမီထွက်ကစားသမားတွေ

အများကြီးပါဝင်ခဲ့ပါတယ်။ဗီယက်နမ်အသင်းက

ငုယင်ကောင်ဖောင်၊ဗန်သန်း၊ရှောင်ထရန်း၊ဗန်တူရန်း၊

ဟောင်ဒေးစတဲ့ကစားသမားတွေ၊ထိုင်းဘက်ကပီချာအူချာ၊

ဆူရိယ၊ရပ်သာနာကွန်းစတဲ့ကစားတွေဟာအာဆင်နယ်

အကယ်ဒမီထွက်တွေပါ။ပွဲအတွင်းအချင်းချင်းယှဉ်ပြိုင်

နေပေမယ့်သူတို့တွေဟာငယ်စဉ်ကတည်းက

အတူလူလားမြောက်လာခဲ့ကြတဲ့သူငယ်ချင်း

တွေဖြစ်ပါတယ်။

မြန်မာအသင်းဟာယူ-20အသင်းကိုအခြေခံထားပြီး

အောင်သူတို့အားလုံးလိုလိုဟာမန္တလေးဘောလုံးအကယ်

ဒမီထွက်တွေပါ။ဒီနှစ်ဆီးဂိမ်းဆီမီးမှာထိုင်းပဲဖြစ်ဖြစ်၊ဗီယက်နမ်ပဲ

ဖြစ်ဖြစ်ဘာအသင်းတက်လာလာ အောင်သူတို့ဟာ

အာဆင်နယ်အကယ်ဒမီထွက်တွေနဲ့ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။အာဆင်နယ်နဲ့မန္တလေးဘယ်သူအသာရသွားပါ့မလဲ။

ပရီးမီးယားလိဂ်ရဲ့နာမည်ကျော်အကယ်ဒမီ

ကြီးတစ်ခုကကစားသမားတွေနဲ့ပြည်တွင်းဘောလုံးအကယ်

ဒမီထွက်တွေရဲ့ယှဉ်ပြိုင်မှုကလည်းအရမ်းကို

စိတ်ဝင်စားစရာကောင်းနေပါပြီ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။