ယခုအပတ်မှာတော့ အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်(၃)များကို ယှဉ်ပြိုင်ကစားသွားမှာပါ။ လက်ရှိ ဇယားထိပ်က မန်ချက်စတာယူနိုင်တက်က အိမ်ကွင်းမှာ လက်စတာစီးတီးနှင့် ကစားရမှာပါ။ လက်ရှိချန်ပီယံ ချယ်ဆီးကတော့ တနင်္ဂနွေနေ့မှာ အဲဗာတန်နှင့်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ တော့တီဟမ်စပါးကတော့ တနင်္ဂနွေနေ့မှာ ဘန်လေနှင့်ကစားရမှာပါ။ ဒီအပတ်၏အကောင်းဆုံးပွဲကတော့ တနင်္ဂနွေနေ့မှာ အာဆင်နယ်နှင့်လီဗာပူးတို့ အန်ဖီးလ်မှာ ကစားသွားမှာပါ။ 

ဇယားထိပ်ဆုံးက မန်ချက်စတာယူနိုင်တက်အနေဖြင့် မြေခွေးပြာတွေကို အိုးထရက်ဖို့မှာ ဧည့်ခံသွားရမှာပါ။ မန်ချက်စတာယူနိုင်၏တိုက်စစ်နှင့်ခံစစ်တွေက ရှေ့ကပွဲစဉ်(၂)ခုလုံးမှာ အကောင်းဆုံးပုံစံကိုပြသထားပါတယ်။ မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ် ၃၁ပွဲမှာ ၂ပွဲသာ ရှုံးနိ်မ့်ထားတာပါ။ ဒါ့အပြင် မန်ချက်စတာယူနိုင်တက်အသင်း၏ နောက်ဆုံး၁၁ပွဲမှာ ၈ပွဲအထိ ပေးဂိုးမရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။ 

မန်ချက်စတာယူနို်င်တက်အသင်းအနေဖြင့် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်စတာကိုလက်ခံကစားခဲ့တဲ့ နောက်ဆုံး ၈ပွဲမှာ ရပွဲအထိ အနိုင်ယူထားပါတယ်။ လက်စတာစီးတီးအသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း ၂၂ပွဲမှာ ၂ပွဲသာအနိုင်ယူနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက်က အဖွင့်ပွဲ၂ပွဲမှာ တူညီသော လူစာရင်းများနှင့်သာ ထွက်ရှိလာပြီး လက်စတာစီးတီးနှင့်ပွဲမှာလည်း အဆိုပါ လူစာရင်းတိုင်းသာ ထွက်လာဖို့ ရှိပါတယ်။ လက်စတာစီးတီးအသင်းအနေဖြင့် မန်ချက်စတာယူနိုင်တက်ကို ယှဉ်ကစားနိုင်မည်မဟုတ်ဘဲ မန်ချက်စတာယူနိုင်တက်ကသာ အနိုင်၃မှတ်ရယူသွားမှာပါ။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။