ယခုအပတ်မှာတော့ အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်(၃)များကို ယှဉ်ပြိုင်ကစားသွားမှာပါ။ လက်ရှိ ဇယားထိပ်က မန်ချက်စတာယူနိုင်တက်က အိမ်ကွင်းမှာ လက်စတာစီးတီးနှင့် ကစားရမှာပါ။ လက်ရှိချန်ပီယံ ချယ်ဆီးကတော့ တနင်္ဂနွေနေ့မှာ အဲဗာတန်နှင့်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ တော့တီဟမ်စပါးကတော့ တနင်္ဂနွေနေ့မှာ ဘန်လေနှင့်ကစားရမှာပါ။ ဒီအပတ်၏အကောင်းဆုံးပွဲကတော့ တနင်္ဂနွေနေ့မှာ အာဆင်နယ်နှင့်လီဗာပူးတို့ အန်ဖီးလ်မှာ ကစားသွားမှာပါ။

ယခု အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်(၃)ရဲ့ အကောင်းဆုံး ပွဲစဉ်ဖြစ်တဲ့ လီဗာပူးနှင့်အာဆင်နယ်ပွဲစဉ်ကို စူပါဆန်းဒေးမှာ ကစားသွားမှာပါ။ အဆိုပါပွဲစဉ်မှာတော့ ဂန်းနားတွေကို လီဗာပူးအသင်းအနေနှင့် အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံသွားမှာပါ။ လီဗာပူးနှင့်အာဆင်နယ်တို့ မနှစ်ကတွေ့ခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ၂ကျော့စလုံးမှာ လီဗာပူးက အနိ်ုင်ရခဲ့ပါတယ်။ လီဗာပူးတိုက်စစ်မှူး ဖာမီနိုကလည်း အာဆင်နယ်နှင့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲမှာ အာဆင်နယ်ကို ၃ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ 

ဒါ့အပြင် လီဗာပူးက အာဆင်နယ်နှင့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ပွဲမှာ ၁ပွဲကိုအနည်းဆုံး ပျှမ်းမျှ၃ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ လီဗာပူးတို့ကတော့ ယခုနှစ် အင်္ဂလန် ပရီးမီးယားလိဂ်၂ပွဲမှာ ၁ပွဲနိုင် ၁ပွဲသရေကျထားပါတယ်။ အာဆင်နယ်ကတော့ အင်္ဂလန် ပရီးမီးယားလိဂ် ၂ပွဲမှာ ၁ပွဲနိုင် ၁ပွဲရှုံးကာ ခြေစွမ်းကျနေပါတယ်။ လီဗာပူးအနေနှင့် အိမ်ကွင်းအန်ဖီးလ်မှာ အာဆင်နယ်ကို အနိုင်ကစားကာ ချေမှုန်းသွားမယ်လို့ ယူဆရပါတယ်။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။